နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရော်နယ်ဒိုကို အနားပေးခဲ့မှုအပေါ် ပြန်လည်ရှင်းပြခဲ့တဲ့ နည်းပြ ပီယာလို

နိုဝင်ဘာ ၃၀


ဂျူဗင်အသင်းဟာ စီးရီးအေပွဲစဉ်အဖြစ် ဘင်နီဗင်တိုနဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြပီယာလိုက တိုက်စစ်မှူးရော်နယ်ဒိုကို ချန်လှပ်ထားတာကြောင့် ဂျူဗင်ပရိသတ်တွေ နည်းပြပီယာလိုရဲ့ ဆုံးဖြတ်ချက်အပေါ် တော်တော်စိတ်ပျက်သွားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြပီယာလိုက “သူ့ဆီမှာ အပေါ့စားဒဏ်ရာအခြေအနေရှိနေခဲ့ပေမယ့် သူကိုယ်တိုင်က ဖယ်ရန်ဗာရိုစ်နဲ့ ချန်ပီယံလိဂ်ပွဲကို ပါဝင်ကစားဖို့တောင်းဆိုခဲ့လို့ ထည့်သွင်းခဲ့ရတာ။ နိုင်ငံတကာပွဲတွေသွားရောက်ကစားပြီးတဲ့ အခါတိုင်း သူ့အနေနဲ့ အနားယူဖို့လိုအပ်တာက ထုံးစံလိုပါပဲ။ ရော်နယ်ဒိုလို ကစားသမားမျိုးကို ထည့်သွင်းကစားမယ်ဆိုရင် ပိုပြီးအကျိုးရှိမယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် သူမပါဝင်ဘဲ လည်း အကောင်းဆုံးကစားတတ်အောင် ကျွန်တော်တို့ဘက်က ကြိုးစားကြည့်ဖို့လည်း လိုပါတယ်။ ဒီလိုဆုံးဖြတ်ချက်တွေဆိုတာက သင့်ရဲ့ကစားသမားတော်တော်များများက နိုင်ငံတကာပွဲတွေကို ပါဝင် ဆင်နွှဲရပြီး ကလပ်အသင်းဆီပြန်ရောက်လာချိန်၊ ချန်ပီယံလိဂ်ပွဲတွေ ဆက်ကစားဖို့ရှိနေတဲ့အခါမျိုးမှာ ဖြစ်လာတတ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ဂျူဗင်ဟာ ဒီပွဲမှာသရေကျခဲ့တာ အတော်နစ်နာပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးက အေစီမီလန်အသင်း ဒီတစ်ပတ်မှာ ဖီအိုရင်တီးနားကိုနိုင်ခဲ့တာကြောင့် ဂျူဗင်ကို ၆ မှတ်အထိဖြတ်ထားနိုင်မှာဖြစ်ပါတယ်။ ဂျူဗင်ဟာ ချန်ပီယံလိဂ်မှာတော့ ဘာစီနဲ့အတူ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ပြီဖြစ်ပေမယ့် အုပ်စုပထမနေရာအတွက်တော့ ကျန်ပွဲတွေအနိုင်ကစားရဖို့လိုပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ