နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်မှထုတ်ဝေထားသည့် ငွေစက္ကူအား မီးရှို့ဖျက်ဆီးသူ ၂ ဦးအား ဖော်ထုတ်အရေးယူမည်ဟုဆို

ရန်ကုန်   နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော မြန်မာကျပ်ငွေ ငါးထောင်ကျပ်တန် ငွေစက္ကူအား မသင့်မလျော်မီးရှို့ဖျက်ဆီးသူ ၂ ဦးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်အရေးယူ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၂၇ ရက်၊  နေ့လယ် ၁ နာရီခန့်တွင် Biggest Shopping & Retail Page တွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှ Live လွှင့်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော မြန်မာကျပ်ငွေငါးထောင်ကျပ်တန်ငွေစက္ကူအား မသင့်မလျော်မီးရှို့ပြခဲ့ကြသည်။

မီးရှို့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က) အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူများအား ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း(သို့) အခြားတစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသည်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့်
အဆိုပါ  Biggest Shopping & Retail Page မှ Live လွှင့်၍ မီးရှို့ပြသူ ၂ ဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်နေ အမျိုးသားနှင့် ယင်း၏ဇနီးတို့ ဖြစ်ကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။              

ရွှေမြင့်ဦး






အခြားဆက်စပ်သတင်းများ