နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၇၉၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန် နိုဝင်ဘာ  ၂၉

 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာမှ ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ယာဒိုကျေးရွာအထိ မူးယစ်ဆေးဝါးသယ်ဆောင်သည့် CANTA ယာဉ်အား MARK-II အမျိုးအစား မော်တော်ယာဉ်ဖြင့် ရှေ့ပြေးလမ်းပြကြပ်မတ်သူအဖြစ် ဆောင်ရွက်သယ်ဆောင်လာကြောင်းသတင်းရရှိခဲ့သဖြင့် နိုဝင်ဘာလ ၂၇ ရက်၊  မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ်၊ ယပ်ခူကျေးရွာ အနီး Mark II ယာဉ်ကို ဖမ်းဆီး ရမိခဲ့ပြီး
စိုင်းခင်လှ(ခ) ခင်လှ မောင်းနှင်ပြီး ထွန်းကျင်(ခ)ထွန်းစိန်နှင့် ခိုင်ကိုထွန်း(ခ)ခိုင်ကိုတို့ ၃ ဦး လိုက်ပါလာကြောင်း၊  ၎င်းယာဉ်ဖြင့်အသွင်ယူ၍ မူးယစ်ဆေးဝါး သိုဝှက်သယ်ဆောင်ထားသည့် CANTA အမျိုးအစား မော်တော်ယာဉ်ကို လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ရာ လိပ်သို-ယာဒိုမှတစ်ဆင့် တောင်ငူ-ပဲခူး-ရန်ကုန်အထိ ဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊ အဆိုပါ မော်တော်ယာဉ်အား နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၁ နာရီတွင် ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ ရန်ကုန်တိုးဂိတ်အနီးတွင် စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ပန်းပန်းနှင့်အတူ CANTA ယာဉ်ကိုယ်ထည် ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထည့်သွင်း သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၆၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ ရန်ကုန်မြို့မှ မူးယစ်ဆေးဝါး လက်ခံမည့်သူများကို ၎င်းတို့ပေးထားသည့် ဖုန်းနံပါတ်များအတိုင်း ချိတ်ဆက်ဆက်သွယ်ရာ ယာဉ်အား လှိုင်သာယာမြို့နယ် အတွင်းအထိ မောင်းလာခိုင်းသဖြင့် ဆက်လက်မောင်းနှင်ပြီး ညနေ ၄ နာရီခွဲခန့်တွင် စိတ်ကြွရူးသွပ် ဆေးပြား ၃,၀၀၀,၀၀၀ ပြားလက်ခံယူမည့် မင်းမင်း(ခ)အောင်အောင်အား မော်တော်ယာဉ်တစ်စီးနှင့် အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းပေါ်တွင် လည်းကောင်း၊ ၎င်းအား မူးယစ်ဆေးဝါးများ သွားရောက်ယူဆောင်ခိုင်းသည့် ဇဝေလအား အင်းစိန် မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ လာဘ်မိုးဆွေ(၁)လမ်း၊ အမှတ်(၃၆)တွင်လည်းကောင်း၊ စိတ်ကြွရူးသွပ် ဆေးပြား ၁,၆၆၀,၀၀၀ သိန်းပြားအား လက်ခံယူမည့် ကိုမျိုး(ခ)မျိုးသိုက်နှင့် ထွန်းထွန်းနိုင်(ခ)ထွန်းမောင် တို့နှစ်ဦးအား မော်တော်ယာဉ်တစ်စီးနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်း(၃)လမ်းပေါ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စိုင်းခင်လှ(ခ)ခင်လှ (၂၈)နှစ်၊ ထွန်းကျင်(ခ)ထွန်းစိန်(၃၂)နှစ်၊ ခိုင်ကိုထွန်း(ခ)ခိုင်ကို(၂၀)နှစ်၊ ပန်းပန်း (၄၄)နှစ်၊ မင်းမင်း(ခ) အောင်အောင်(၃၉)နှစ်၊ ဇဝေလ(၄၇)နှစ်၊ ကိုမျိုး(ခ)မျိုးသိုက်(၄၀)နှစ်၊ ထွန်းထွန်နိုင်(ခ)ထွန်းမောင်(၃၈)နှစ် တို့အား ဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ