နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မကွေးတိုင်းဒေသကြီး ရေနံချောင်း၌ မကျည်းမှည့် စျေးကောင်းနေ

ရေနံချောင်း၊  နိုဝင်ဘာ  ၂၈

အညာဒေသထွက် မကျည်းမှည့် လက်လီစျေးကွက်တွင် စျေးကောင်းလျက်ရှိကြောင်း ရေနံချောင်းမြို့ မကျည်းမှည့် စျေးကွက်မှသိရသည်။ ''ကျွန်တော်တို့ ယခုနှစ်မတ်လ၊ ဧပြီလမှာ မကျည်းသီးအတောင့် အကြောပါ တစ်ပိဿာ ကျပ် ၅၀၀ ကနေကျပ် ၇၀၀ ကျပ် ၉၀၀ အတွင်းရောင်းရတယ်။ အပင်ပိုင်ရှင်ကတော့ မကျည်းမှည့်ထုဖတ်လုပ်ပြီးရောင်းသူ နည်းတယ်။ ဒါကြောင့် လက်ရှိစျေးအနေနှင့်အသစ်စျေးနှင့်တွက် နှိုင်းယှဉ်ပါက စျေးကောင်းတယ်။ အသစ်ပေါ်ချိန်မှာ စျေးကောင်းဖို့လိုတယ်''ဟု မကျည်းစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

''လက်ရှိလက်လီစျေးကွက်၌   မကျည်းမှည့်တစ်ပိဿာလျှင်   ကျပ် ၄၂၀၀ ကနေ ကျပ် ၄၈၀၀ အထိ        ရောင်းရပြီး   မကျည်းမှည့်ကို   မီးဖိုဆောင်သုံးအဖြစ်   လက်လီစျေးကွက်သာ   အဓိကရောင်းရတယ်ဟု ရေနံချောင်းမြို့ ပျံကျစျေးမှ မကျည်းမှည့် ရောင်းဝယ်သူအမျိုးသမီးတစ်ဦးက ပြောသည်။ အညာဒေသတွင် မကျည်းပင်ကို အလေ့ကျအဖြစ် ပေါက်ရောက်ကြသည့်အပြင် အရိပ်ရအပင်အဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

ဆန်းညွန့်  ရေနံချောင်း






အခြားဆက်စပ်သတင်းများ