နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးမြို့နှင့်ရေးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ကလေး မေ ၂

မေ ၁ ရက်၊ နံနက် ၁၀ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ နယ်မြေ(၁၂)၊ အိမ်အမှတ်(၉)နေ မျိုးမြင့်အောင်(ခ)ကိုလတ်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အပေါ်ထပ် ဧည့်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၇၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီအချိန် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ နယ်မြေ(၁)၊ အိမ်အမှတ်(၈၈)နေ ငွန်ဆန်ဆွမ်း(ခ)ကပါးဘွဲ့၏ နေအိမ်ကို ရှာဖွေရာ ၎င်းအားလက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မျိုးမြင့်အောင်(ခ) ကိုလတ်(၃၇)နှစ်၊ ငွန်ဆန်ဆွမ်း(ခ)ကပါးဘွဲ့(၅၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ မေလ ၁ ရက်၊ ည ၈ နာရီအချိန် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာ၊ မွေးမြူရေးဇုံရပ်ကွက်နေ မဖြိုးဇာဇာဟန်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်ဧည့်ခန်းရှိ ပိုက်ဆံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၅၅ ပြား၊ အိုက်စ် ၀ ဒသမ ၀၀၅ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မဖြိုးဇာဇာဟန် (၃၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။             

ဆွေဦး






အခြားဆက်စပ်သတင်းများ