နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Xiaomi Mi 11 ဖုန်းများ MIUI 12.2.2.0 Stable Update ရရှိလာ

နိုဝင်ဘာ  ၂၀


လွန်ခဲ့သည့် တစ်ပတ်ကျော်က Xiaomi သည် Mi 10 အသုံးပြုသူ အချို့တို့အတွက် Android 11 OS အခြေပြု MIUI V12.2.2.0.RJBCNXM Stable Update ပေးခဲ့သည်။

သို့သော် Xiaomi က ယင်းဆော့ဝဲလ် Update မှာ Bugs များ ပါဝင်နေမှုနှင့်အတူ Update ပေးမှုကို ရုတ်သိမ်းခဲ့သည်။

ယခုအခါတွင် Xiaomi က ယခုနှစ်၏ အဆင့်မြင့်စမတ်ဖုန်းအတွက် Update ပြန်ပေးလာပြီဖြစ်ပြီး ဖိုင်အရွယ်အစားက 3.6GB ရှိသည်။ အဆိုပါ Update တွင် Android 11 ၏ စနစ်သစ်များဖြစ်သည့် Super Document ၊ Camera VLOG ၊ AI Watermark တို့ ပါဝင်လာကြောင်း သိရသည်။

သို့သော် Xiaomi က Android ဗားရှင်းသစ်ကို Update တင်ရာမှာ ကိုယ်ရေးကိုယ်တာ အရေးကြီးသည့် အချက်အလက်များကို Backup လုပ်ထားရန် သတိပေးထားသလို Startup လုပ်နေစဉ်အတွင်း ဖုန်းပူခြင်းနှင့် စွမ်းဆောင်ရည် ထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ