နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးခိုးပြီး ပြန်ရောင်းစားသည့်ဖြစ်ရပ်ကြောင့် ကင်ညာနိုင်ငံတွင် ကျန်းမာရေးအရာရှိ ၃ ဦးကို ဖမ်းဆီး

နိုဝင်ဘာ  ၁၉၊ နိုင်ရိုဘီ


လမ်းပေါ်တွင်နေသည့် ဆင်းရဲနွမ်းပါးသော မိခင်များထံမှ ကလေးငယ်များကို ခိုးယူပြီး ပြန်လည်ရောင်းစားမှုများ ရှိခဲ့သည်ဟု ဘီဘီစီသတင်းဌာနက စုံစမ်းဖော်ထုတ်ရေးသားခဲ့ပြီးနောက် ကလေးခိုးဂိုဏ်း တည်ထောင်ထားသည့်ဆိုသည့် ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိ ၃ ဦးကို ကင်ညာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ကလေးငယ်များကို တရားမဝင်ဆေးရုံများနှင့် နိုင်ရိုဘီမြို့ရှိ ပြည်သူ့ဆေးရုံမှ ခိုးယူခဲ့ကြသည်ဟု BBC Africa Eye က ရေးသားဖော်ပြသည်။ ကလေးငယ်များကို အမေရိကန်ဒေါ်လာ ၄၀၀ မျှဖြင့် ရောင်းချခဲ့သည်။


ထို့နောက်တွင် နိုင်ရိုဘီမြို့ရှိ ဆေးရုံများနှင့် ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာများကို စုံစမ်းစစ်ဆေးရန် ရဲမှူးချုပ်က ညွှန်ကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ ထိပ်တန်းကျန်းမာရေးအရာရှိ ၃ ယောက်က ကလေးငယ် လူကုန်ကူးသူများနှင့် အနီးကပ် ပါဝင်လှုပ်ရှားခဲ့သည်ဟု တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ် မူတမ်ဘိုင်က ပြောသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သံသယရှိသူများက မှတ်ချက်ပေးခြင်းမရှိသေးပေ။ အဆိုပါစုံစမ်းစစ်ဆေးမှုတွင် နိုင်ရိုဘီမြို့ ပြည်သူ့ဆေးရုံ၏ အကျင့်ပျက်ခြစားမှုကိုပါ ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ