နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဉ္စမအကြိမ်မြောက်ရန်ကင်းမြို့နယ်၌ဈေးရောင်းချရေးယာဉ်များဖြင့်သန့်ရှင်းလတ်ဆတ်သောသားငါးနှင့်စားသောက်ကုန်များလှည့်လည်ရောင်းချပေး

ရန်ကုန် နိုဝင်ဘာ ၁၈

 ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ညီနောင်အသင်းလုပ်ငန်းရှင်များပူးပေါင်း၍ COVID - 19 ရောဂါကာလအတွင်းပြည်သူများမိမိနေအိမ်မှဝေးကွာသောဈေးများသို့သွားရောက်ဝယ်ယူရန်မလိုဘဲရောဂါကူးစက်ပြန်ပွားမှုအထိုက်အလျောက်ကာကွယ်နိုင်ရေးနှင့်သန့်ရှင်းလတ်ဆတ်သောသားငါး စားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များကိုသက်သာသောဈေးနှုန်းများဖြင့်မိမိတို့နေထိုင်ရာရပ်ကွက်အတွင်းဝယ်ယူရရှိနိုင်ရေးအတွက်ရည်ရွယ်၍မြို့နယ်အရောက်ဈေးရောင်းချရေးးယာဉ်များဖြင့်ယနေ့နံနက်၇နာရီကရန်ကုန်တောင်ပိုင်းခရိုင်ရန်ကင်းမြို့နယ်အမှတ်(၈)ရပ်ကွက်နှင်းဆီလမ်းရှိစည်ပင်ဝန်ထမ်းအိမ်ရာ(ရန်ကင်း) အမှတ်(၂  / ၆ )ရပ်ကွက်ရှိရန်ငြိမ်းလမ်းသွယ်နှင့်သစ္စာလမ်းရှိကံဘဲ့မှတ်တိုင်အနီးတို့၌ပြည်သူများအားမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများကအနီးကပ်ကြီကြပ်၍စနစ်တကျရောင်းချပေးခဲ့ကြောင်းသိရသည်။ 

ယနေ့ရောင်းချသောဈေးကားများတွင်စားသောက်ကုန်များဖြစ်သည့် ကြက်သား ဆိတ်သား အမဲသား ဝက်သား ကြက်ဥ ဘဲဥ ငုံးဥ အသင့်ထုတ်ပိုးပြီရေချို / ရေငန် ငါးပုဇွန်အမျိုးမျိုး ဟင်းသီးဟင်းရွက် စားသုံးဆီနှင့်ကုန်ခြောက်များပါဝင်ပြီးလူတန်းစားမရွေးဝယ်ယူရန်လက်လီရောင်းချပေးခဲ့ကြောင်းသိရသည်။

ရန်ကင်းမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁)ဒေါ်တင်တင်အောင်က"ယခုလို COVID -19 ကာလအတွင်းMobile ဈေးကာများဖြင့်လာရောက်ရောင်းချပေးတဲ့အတွက်စားသုံးသူပြည်သူတွေလည်းအဆင်ပြေပါတယ်သားငါးနှင့်ဟင်းသီးဟင်းရွက်တွေကသန့်ရှင်းလတ်ဆတ်ပါတယ်ဈေးနှုန်းလည်းသက်သာပါတယ် " ဟုပြောဆိုသည်။

 စည်ပင်ဝန်ထမ်းအိမ်ရာ(ရန်ကင်း)နေထိုင်သူဒေါ်သန်းဝင်းက "ဝယ်ရတာအဆင်ပြေပါတယ်ဈေးနှုန်းလည်းသက်သာပါတယ်သားငါးတွေကလည်းသန့်ရှင်းလတ်ဆတ်ပါတယ်ယခုလိုလာရောက်ရောင်းချပေးတဲ့အတွက်လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကိုကျေးဇူးတင်ရှိပါတယ် " ဟုပြောဆိုသည်။

အဆိုပါမြို့နယ်အရောက်ဈေးရောင်းချရေးယာဉ်များဖြင့်အောက်တိုဘာ၂၆ရက်နေ့မှစတင်၍မြို့နယ် / ရပ်ကွက်များအလိုက်လှည့်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ 

သန့်ရှင်းလတ်ဆတ်ဈေးနှုန်းသက်သာသောစားဖိုဆောင်သီးနှံများ သစ်သီးဝလံများ ဟင်းသီးဟင်းရွက်များကိုစားသုံးသူပြည်သူများထံတိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက်တောင်သူဈေးးကားအစီအစဉ်ကိုဇူလိုင်၁၁ရက်နေ့မှစ၍မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းမော်တော်ယာဉ် နှစ်စီးဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရသည်။


အောင်မြင့်ဌေး(မြို့တော်သတင်း)







အခြားဆက်စပ်သတင်းများ