နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်၍ အနည်းဆုံး လူ ၄၂ ဦး သေဆုံး

နိုဝင်ဘာ ၁၄၊ မနီလာ


ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ဗန်ကို (Vamco) ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၄၂ ဦး သေဆုံးခဲ့ပြီး လူ ၂၀ ပျောက်ဆုံးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ကျွန်းမကြီးဖြစ်သည့် လူဇွန်ကျွန်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မြေပြိုခြင်း၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း စသည့်အခြေအနေများ ကြုံတွေ့ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမြို့တွင် နေထိုင်သူများအပါအဝင် လူသောင်းချီမှာ ခိုလှုံရေးစင်တာများတွင် ခိုလှုံရလျက်ရှိသည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် ယူလစ်ဆီ (Ulysses)ဟု လူသိများသည့် တိုင်ဖွန်းမုန်တိုင်း ဗန်ကိုမှာ ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သည့် ၂၁ လုံးမြောက် မုန်တိုင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ၇ နှစ်အတွင်း အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း ဂိုနီ တိုက်ခတ်ခဲ့ပြီးနောက် ရက်သတ္တပတ်အကြာတွင် တိုင်ဖွန်းမုန်တိုင်း ဗန်ကို တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ရဲအရာရှိများနှင့် အခြားအရေးပေါ်အဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း လူအများအပြားက ဖယ်ရှားရေးအမိန့်များကို လျစ်လျူရှုခဲ့သည်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားရသည့်နေရာတစ်ခုမှာ မနီလာမြို့အရှေ့ပိုင်းရှိ မာရီကီနာမြို့ဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ