နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်ကျော့ပြန်ရွေးကောက်မခံရအောင် တရုတ်နိုင်ငံ ကြိုးပမ်းလိမ့်မည်ဟု ဒေါ်နယ်ထရမ့် စွပ်စွဲ

ဧပြီ ၃၀၊ ဝါရှင်တန်

တစ်ကျော့ပြန်ရွေးကောက်ပွဲတွင် မိမိ ရှုံးနိမ့်စေရန်အတွက် တရုတ်နိုင်ငံက အစွမ်းကုန် ကြိုးစားလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံ၏ ဆင့်ကဲသက်ရောက်မှုအများအပြား ရင်ဆိုင်နေရသည်ဟု ရိုက်တာ သတင်းဌာနနှင့် အင်တာဗျူးအစီအစဉ်တွင် ဒေါ်နယ်ထရမ့်က ပြောသည်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများကို အချိန်စော၍ အသိပေးသင့်သည်ဟု ယင်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အရှိန်အဟုန်ကောင်းခဲ့သည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး ထိခိုက်ခဲ့ရပြီး အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ စံချိန်တင်မြင့်တက်ခဲ့သည်။ လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် တစ်ကျော့ပြန်ရွေးကောက်ခံရရေးအတွက် ဒေါ်နယ်ထရမ့်က စီးပွားရေးအားကောင်းစေရမည်ဟု မဲဆွယ်ခဲ့သည်။ '' ကျွန်တော့်ဘက်က လုပ်နိုင်တာအများကြီးရှိပါတယ်။ ဘာဖြစ်ခဲ့တာလဲဆိုတာကို စုံစမ်းဖော်ထုတ်နေပါတယ်။ တရုတ်နိုင်ငံကတော့ လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော် ရှုံးနိမ့်အောင် သူတို့တတ်နိုင်သလောက် လုပ်ပါလိမ့်မယ်''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ တရုတ်နိုင်ငံနှင့် ကုန်စည်စစ်ပွဲ ဆင်နွှဲခဲ့သည့် ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအပေါ် မည်ကဲ့သို့ တုံ့ပြန် လှုပ်ရှားနိုင်သည်ဆိုခြင်းကို တိတိကျကျ မပြောခဲ့ပေ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးဟန့်တားရာတွင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဟု ဝေဖန်ခံနေရ သည်။    
                                                                                            
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ