နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တံတားမြို့နယ်အတွင်းသို့ ဒုတိယအကြိမ် Mobile Market ဈေးကားများလှည့်လည်ရောင်းချပေးလျက်ရှိ

ရန်ကုန် နိုဝင်ဘာလ ၄ ရက်


ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်းရှိ အနော်ရထာလမ်းကြီးနှင့် ၃၈ လမ်းထောင့်၌ 

 Mobile Market စျေးကားများသည် ယနေ့ နံနက်ပိုင်းက ဒုတိအကြိမ် လာရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ယခုအခါ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်မှ ဝေးကွာသော ဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုသည့်အတွက် ကူးစက်ရောဂါပြန့်ပွားမှု အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များအား မိမိတို့ ရပ်ကွက်အတွင်း ဝယ်ယူရရှိရေးတို့ကို ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ မြို့နယ်၊ ရပ်ကွက်အရောက် Mobile ဈေးကားဖြင့် နေ့စဥ်မြို့နယ်များအသီးသီးသို့ အလှည့်ကျ လှည့်လည် ရောင်းချပေးလျက် ရှိကြောင်းသိရသည်။

ယနေ့ရောင်းချသော ဈေးကားများတွင် စားသောက်ကုန်များဖြစ်သည့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုတ်ပိုးပြိး ရေချို/ရေငံ ငါးအမျိုးမျိုး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် စားသုံးဆီများ ပါဝင်ပြီး

ကား (၈) စီးတို့ဖြင့် သက်သာသော ဈေးနှုန်း နှင့် လူတန်းစားမရွေး ဝယ်ယူနိုင်ရန် လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။


မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ