နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီသီးနှံများနှင့်စားသောက်ကုန်များပြင်ပထက်သက်သာသော စျေးနှုန်းဖြင့်(၄၁)လမ်းကုန်စိမ်းစျေးတွင်ရောင်းချပေး

မန္တလေး နိုဝင်ဘာ ၄


Covid-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် မန္တလေးမြို့ရှိ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီက မန္တလေးတပ်နယ်မှ တပ်မတော်သား များနှင့်မိသားစုဝင်များက ချမ်းမြသာစည်မြို့နယ်ကမ်းနားလမ်းရှိ (၄၁)လမ်းကုန်စိမ်းစျေးတွင် ရှမ်းပြည်နယ် တောင်ပိုင်းရွာငံမြို့နယ် တောကြယ်ကျေးရွာနှင့်လဲပြားကျေးရွာရှိ တောင်သူများရောင်းချပေးနိုင်သည့် စျေးဖြင့် ဝယ်ယူလာသည့် ဂေါ်ရခါးသီး ၂၉၀၀၀ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့်အမဲဘူး၊     ကြက်ဘူး၊ ငါးဘူး၊ ပဲဘူး၊ ငပိကြော်ဘူး၊ ခေါက်ဆွဲခြောက်ထုပ်၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ ပြင်ဦးလွင် နန်းမြိုင် ကော်ဖီထုပ်၊ နေပြည်တော်ရေပြာရေသန့်ဘူး စသည့်စားသောက်ကုန်ပစ္စည်းများကို ပြင်ပထက် သက်သာသော စျေးနှုန်းများဖြင့် ဒေသခံပြည်သူများကို ရောင်းချပေးခဲ့စဉ်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ