နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုက်ကြီးသည် လင်မယားချင်းစကားများ ရန်ဖြစ်နေသည်ကို အမြင်မတော်၍ သွားရောက်ဖျန်ဖြေသူ ဓားထိုးခံရပြီး သေဆုံး

ရန်ကုန် နိုဝင်ဘာ ၄


လင်မယားချင်းရန်ဖြစ်နေသည်ကို အမြင်မတော်၍ သွားရောက်ဖျန်ဖြေသူ ဓားထိုးခံရပြီးသေဆုံးသွား ခဲ့သည်။ ဗိုက်ကြီးသည်လင်မယားချင်းစကားများရန်ဖြစ်နေစဉ် လင်ဖြစ်သူမှမယားကို ခြေထောက်ဖြင့် ကန်လိုက်သည်ကို တွေ့မြင်သူက ကိုယ်ဝန်အရင့်အမာရှိနေသူဖြစ်၍ ခြေထောက်ဖြင့် မကန်သင့်ကြောင်း စေတနာဖြင့် ဝင်ရောက်ဖျန်ဖြေပြောပြရာမှ လင်ဖြစ်သူနှင့်ဖျန်ဖြေသူတို့ ဆက်လက်စကားများပြီး ဖျန်ဖြေသူဓားထိုးခံရကာနေရာတွင် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုကျူးလွန်သူဖြစ်သည့် လင်ဖြစ်သူကို အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာအမှုမှာ ဦးအောင်ဇော်ထွဋ်၊ (၃၃နှစ်၊ လှေသင်းအတွင်းဝန် ဦးချိန်လမ်း၊ အလယ်ကျေးရွာအုပ်စု၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်နေသူ)သည် နိုဝင်ဘာ ၃ ရက်ည ၇ နာရီခွဲအချိန်ခန့်တွင် နေအိမ်၌ရှိနေစဉ် နေအိမ်ရှေ့လမ်းပေါ်၌ ဦးလေးဖြစ်သူ ဦးစန်းဝင်း (၄၆နှစ်၊ လှေသင်းအတွင်းဝန်ဦးချိန်လမ်း၊ အလယ်ကျေးရွာအုပ်စု၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်နေသူ)နှင့် ကျော်မျိုးလွင်(ခ)ကျော်ကြီး (၃၀နှစ်၊  လှေသင်းအတွင်းဝန် ဦးချိန်လမ်း၊ အလယ်ကျေးရွာအုပ်စု၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်နေသူ)တို့ စကားများရန်ဖြစ်နေသည်ကိုတွေ့မြင်၍ သွားရောက်ခဲ့ရာ ယင်းရောက်ရှိသွားချိန်တွင် ကျော်မျိုးလွင်(ခ)ကျော်ကြီးမှာ ယာဘက်လက်ထဲတွင် အသင့်ရှိနေသော အရှည်(၁)ပေခန့်ရှိသည့် သံလက်ကိုင်ရိုးတပ်ထိပ် ဦးချွန်ဓားမြှောင်ဖြင့် ဦးစန်းဝင်းအား (၄)ချက်ခန့် ထိုးလိုက်သည်ကို တွေ့မြင်ရကြောင်း၊ ဦးစန်းဝင်းသည် ဝဲဘက်ရင်ဘက်တွင် ကြက်(၁)လက်မခန့်ရှိ ဓားဒဏ်ရာ(၁)ချက်နှင့် ဝဲဘက်ဝမ်းဗိုက်တွင် ဗြက်(၁)လက်မခန့်ရှိ ဓားဒဏ်ရာ (၂)ချက်တို့ရရှိပြီး ရန်ဖြစ်သည့်နေရာတွင်ပင် လဲကျသေဆုံးသွားခဲ့ကြောင်း၊ ရန်ဖြစ် ရသည့် အကြောင်းအရင်းကို မေးမြန်းခဲ့ရာ တရားခံ ကျော်မျိုးလွင်(ခ)ကျော်ကြီးနှင့် ယင်း၏ဇနီးဖြစ်သူ မမေသဉ္စာ၊ (၃၂နှစ် အထည်ချုပ်စက်ရုံဆင်းပြီး တရားခံနှင့်အတူနေသူ)တို့ လင်မယားချင်းစကားများ ရန်ဖြစ်နေစဉ် ကျော်မျိုးလွင် (ခ)ကျော်ကြီးမှ မမေသဉ္စာကို ခြေထောက်ဖြင့် ကန်လိုက်သည်ကို ဦးစန်းဝင်းက တွေ့မြင်သွား၍ မမေသဉ္စာမှာ ကိုယ်ဝန်အရင့်အမာ ရှိနေသူဖြစ်၍ ခြေထောက်ဖြင့်မကန်သင့်ကြောင်း စေတနာဖြင့် ဝင်ရောက်ဖျန်ဖြေပြောပြရာ ဦးစန်းဝင်းနှင့် ကျော်မျိုးလွင်(ခ)ကျော်ကြီးတို့ စကားများရန်ဖြစ်ကြကြောင်း၊ ကျော်မျိုးလွင်(ခ) ကျော်ကြီးက ယင်း၏နေအိမ်အတွင်းရှိသော သက်သေခံဓားအား သွားရောက်ယူဆောင်ကာ ဦးစန်းဝင်းကို ထိုးခြင်းဖြစ်ကြောင်း ဦးစန်းဝင်း၏ သားဖြစ်သူမောင်ထက်အောင်၊ (၂၇နှစ်လှေသင်း အတွင်းဝန် ဦးချိန်လမ်း၊ အလယ်ကျေးရွာအုပ်စု၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်နေသူ)က ပြောပြသိရှိရ၍ ဦးလေးဖြစ်သူဦးစန်းဝင်းကို ဓားဖြင့်ထိုးသတ်သူ ကျော်မျိုးလွင်(ခ)ကျော်ကြီးကို အမှုဖွင့်အရေးယူပေးရန် ဦးအောင်ဇော်ထွဋ်က တရားလိုပြုလုပ်ပြီး အခင်းဖြစ်နေ့ည ၉ နာရီအချိန်က သောင်ကြီးရဲစခန်းသို့ လာရောက် တိုင်ကြားမှုဖြစ်ကြောင်းရဲ မှတ်တမ်းများအရ သိရသည်။

ပြစ်မှုကျူးလွန်သူ ကျော်မျိုးလွင်(ခ)ကျော်ကြီးကို သောင်ကြီးနယ်မြေရဲစခန်းမှ (ပ) ၁၈၉၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီး၍ ယနေ့ချုပ်ရမန်ယူကာဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ရွှေမြင့်ဦး(ရွေပြည်သာ)






အခြားဆက်စပ်သတင်းများ