နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Not Bloody Likely ဇာတ်ကားသစ်တွင် မင်းသားကြီး ပီးရက်ဘရော့နန်နှင့် မင်းသမီးကြီး ဟယ်လီနာ ဘွန်ဟမ်းကာတာတို့ ပါဝင်သရုပ်ဆောင်မည်

နိုဝင်ဘာ  ၄


Not Bloody Likely အမည်ရှိ ရုပ်ရှင်ဇာတ်ကားသစ်တွင် ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရက်ဘရော့နန်နှင့် မင်းသမီးကြီး ဟယ်လီနာဘွန်ဟမ်းကာတာတို့ ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။


Not Bloody Likely ဇာတ်ကားကို ဂျိုအယ်ဟော့ကင်းက ဇာတ်ညွှန်းရေးသားပေးမည်ဖြစ်ပြီး ဒါရိုက်တာအဖြစ်လည်း တာဝန်ယူရိုက်ကူးမည်ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားသစ်တွင် မင်းသားကြီး ပီးရက်ဘရော့နန်သည် Pygmalion အမည်ရှိ ကမ္ဘာကျော် ပြဇာတ်ကြီးကိုရေးသားခဲ့သည့် အိုင်းရစ်စာရေးဆရာကြီး ဘားနတ်ရှောအဖြစ် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ပြီး မင်းသမီးကြီး ဟယ်လီနာဘွန်ဟမ်းကာတာက ပက်ကင်းဘဲအမည်ရှိ အမျိုးသမီးတစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။


Not Bloody Likely ဇာတ်ကား ရိုက်ကူးထုတ်လုပ်မှုကို ၂၀၂၁ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ