နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ဘုရင်ကြီး ရီးရဲလ်အသင်း အုပ်စုအဆင့်အောက်ဆုံးမှာရောက်နေ

အောက်တိုဘာ  ၂၉


ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲအဖြစ် မနေ့က ကစားခဲ့တဲ့ ရီးရဲလ်နဲ့ မိုချင်ကလာဘတ်တို့ပွဲမှာ ၂−၂ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်တို့ ၂ ဂိုးပြတ်ရှုံးနေရာမှ ၈၇ မိနစ်နဲ့ နာကျင်အချိန်ပို ၃ မိနစ်တို့မှာ ပြန်လည် ချေပဂိုးသွင်းနိုင်ခဲ့လို့ သရေရလဒ်ကိုရခဲ့တာပါ။ ကက်စ်မဲဂိုးရဲ့ half space ၆ ကိုက်နောက်က ဂိုးစည်းပေါ်ကနေခေါင်းပြန်တိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဘန်ဇီးမားက နောက်ပြန်ပက်လက်အနေအထားကနေ ပထမချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယချေပဂိုးကိုတော့ ရာမို့စ် ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဘန်ဇီးမားကပဲ ဝင်ပိတ်ဂိုးသွင်းပေးခဲ့တာပါ။ ရီးရဲလ်ရဲ့လက်ရှိခြေစွမ်းဟာ အုပ်စုအဆင့်ကျော်တက်ဖို့ လက် ကျန်ပွဲတွေက သိပ်ကိုအရေးပါသွားပါပြီ။ နိုင်ပြီးရင်းနိုင်မှ တော်ကာကျမှာပါ။ ရှုံးထွက်အဆင့်ကို ရောက်ဖို့ဆိုရင် ဒီထက်မက အသင်းက တိုးတက်နေမှဖြစ်မှာပါ။ လက်ရှိမှာ ရီးရဲလ်အသင်းဟာ ၂ ပွဲကစားပြီးရမှတ် ၁ မှတ်နဲ့ အုပ်စု B ရဲ့ အောက်ဆုံးမှာရပ်တည်နေပါတယ်။ အုပ်စုထိပ်ဆုံးမှာတော့ လော့ဘလန်တို့စ်တို့ကို အဝေးကွင်း နိုင်ပွဲရယူခဲ့တဲ့ ရှက်တာဒိုးနက်တို့က ၄ မှတ်နဲ့ ရပ်တည်နေပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ