နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို COVID-19 ရောဂါ ကူးစက်ခံရ

အောက်တိုဘာ   ၂၉


ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုသည် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပြန်ခဲ့သည်။

အသက် ၅၀ နှစ်အရွယ်ရှိ အင်ဖန်တီနိုသည် COVID-19 ရောဂါကူးစက်ခံထားရသည့် လက္ခဏာပြသခဲ့သည့် အတွက် ဆေးစစ်မှုပြုလုပ်ခဲ့ရာ Positive ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယင်းသည် COVID-19 ရောဂါကူးစက်ခံထားရခြင်းကြောင့် Self-isolation ပြုလုပ်နေကာ ရောဂါ ပျောက်ကင်းသည်အထိ ကုသမှုခံယူရမည်ဖြစ်သည်။

“ဥက္ကဋ္ဌ အင်ဖန်တီနိုဟာ COVID-19 ရောဂါ ကူးစက်ခံထားရပါတယ်။ သူဟာ ရောဂါကူးစက်ခံထားရတယ်ဆိုတာ သိသိချင်းပဲ နေအိမ်မှာ Self-isolation ပြုလုပ်နေပါတယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့ Contact List ကို လိုအပ်တဲ့ ဆေးစစ်မှုပြုလုပ်သွားမှာပါ”ဟု ဖီဖာက ထုတ်ပြန်ခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ