နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးနည်းပြအဖွဲ့အတွက် ခေါင်းခဲစရာတွေဖြစ်ပေါ်လာခဲ့တဲ့ ဖာဘင်ညိုရဲ့ဒဏ်ရာပြဿနာ

အောက်တိုဘာ  ၂၉


ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်အဖြစ် လီဗာပူးနဲ့ မစ်ဂျီရန်အသင်းတို့ အန်ဖီးကွင်းမှာကစားခဲ့ရာ လီဗာပူးတို့က ၂−၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဖာဘင်ညို ဒဏ်ရာရသွား တာကြောင့် လီဗာပူးအသင်းရဲ့ ဗဟိုခံစစ်မှူးအဖြစ် ဂိုးမက်စ်တစ်ဦးသာကျန်တော့မှာဖြစ်ပါတယ်။ ဖာဘင်ညို နေရာကို ဂိုင်းစ်ဝီလီယမ် လူစားဝင်ကစားခဲ့ပါတယ်။ လီဗာပူးအတွက် လာမယ့်ပွဲကျပ်ကာလဟာ စိတ်ပူစရာတွေ ဖြစ်လာပါတယ်။ လီဗာပူးမှာ ဗန်ဒိုက် ကာလရှည်ဒဏ်ရာရထားပြီး မာတစ်ကလည်း အဲဗာတန်နဲ့ပွဲမှာ ကြွက်သား ဒဏ်ရာရခဲ့ပါတယ်။ ခုတစ်ခါ ဖာဘင်ညို ဒဏ်ရာရရှိခဲ့ပြန်ပါတယ်။ ဒါကြောင့် ဂိုးမက်စ်နဲ့ လူငယ်တစ်ဦးကို တွဲဖက် ကစားစေရမယ့်အနေအထားဖြစ်နေပါတယ်။ ဒီပွဲမှာ မစ်ဂျီရန်တို့ ကစားပုံက ညစ်တဲ့ဘက်ကို ရောက်နေခဲ့ပြီး အသာလွတ်လူချမှုတွေကြောင့် အဝါကတ်တွေပလူပျံခဲ့ရပါတယ်။ ကွင်းလယ်မှာ အန်ဒါဆန်ကို မလိုအပ်တဲ့ အနေအထားနဲ့ နာကျင်အောင် သိသာစွာ လူချခဲ့မှုအတွက် နည်းပြကလော့ ဒေါသတွေပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့် ကလော့က မစ်ဂျီရန်မန်နေဂျာနားကို ဒေါသတကြီးရောက်သွားပြီး လက်သီးကိုအတင်းဆုပ်ကာအော်ဟစ်ခဲ့ပါတယ်။ နောက်ပိုင်း မစ်ဂျီရန်နည်းပြ ကလော့နဲ့ဝေးဝေးမှာ ရှောင်နေပါတယ်။ ဒုတိယပိုင်းအစမှာပဲ ဟန်ဒါဆန်ကို လူစားလဲခဲ့ပြီး ဒဏ်ရာရမှုကိုရှောင်ရှားခဲ့ပါတယ်။ သီယာဂို ဒဏ်ရာကပြန်သက်သာလာပေမယ့် ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ ဒဏ်ရာပြဿနာတွေက လီဗာပူးပရိသတ်တွေနဲ့ နည်းပြအဖွဲ့အတွက် အတော်လေး ခေါင်းစားနေကြပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ