နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် ရေပန်းစားလာတဲ့ ဆွန်ဟောင်မင်

အောက်တိုဘာ  ၂၉


ဘွန်ဒက်စ်လီဂါပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းထံ ပြောင်းရွှေ့ရောက်ရှိလာတဲ့ အသက် ၂၈ နှစ် အရွယ် တောင်ကိုရီးယားလက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး လက်ရှိရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးအထိရရှိထားတာကြောင့် ရွှေဖိနပ်ဆုအတွက်ပါ ရေပန်းစားလာသူဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်က ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲမှာ စပါးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြကြီးရဲ့ ချီးကျူးမှုကိုခံခဲ့ရပါတယ်။ စပါးတို့က ဆွန်ဟောင်မင်ကို သူနဲ့ထိုက်တန်တဲ့ လစာရရှိဖို့နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ တရားဝင်လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။ Sky Sports ရဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဂယ်ရီနဗီး ကတော့ ဆွန်ဟောင်မင်ရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး ဆွန်ဟောင်မင်ဟာ တော်သလောက် ချီးကျူးမခံရတဲ့သူ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဂယ်ရီနဗီးက “ဆွန်ဟောင်မင်ဟာ လိဂ်ရဲ့ ထိပ်တန်းကစားသမားတွေလို ကြွားဝါမှုမလုပ်တတ်ပါဘူး။ စတားလင်း၊ မာနေး၊ ဆာလက်တို့နဲ့ အဆင့်တူကစားသားတစ်ဦးပါ။ တကယ်လို့သာ သူဟာ လီဗာပူး၊ မန်စီးတီးတို့လို အသင်းမှာရှိနေရင် အမြန်ဆုံးချီးကျူးခံရမှာပါ။ သူ့အကြောင်းတွေများများပြောကြမှာပါ”လို့ ချီးကျူးစကားပြောကြားသွားပါတယ်။ 

ဆွန်ဟောင်မင်ရဲ့စွမ်းဆောင်ရည်တွေဟာလည်း မန်ယူကစားသမားဖြစ်ခဲ့သူ ပက်ဂျီဆန်လိုမျိုး ပရီးမီးယားလိဂ် ပရိသတ်တွေ ချီးကျူးထိုက်တဲ့ကစားသမားဖြစ်တယ်လို့ ထင်မိပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ