နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗန်ဒီဘိခ့်တစ်ယောက် မန်ယူကို ရွေးခဲ့တာ အမှားကြီးမှားနေပြီလား

အောက်တိုဘာ  ၂၈


ဗန်ဒီဘိခ့်ဟာ အေဂျက်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ပြီးခဲ့တဲ့ရာသီက မန်ယူကို ပြောင်းရွှေ့လာခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ လူတန်တောင်း၊ ဘရိုက်တန်တို့နဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာသာ ပွဲထွက်ကစားခဲ့ရပြီး  ပရီးမီးယားလိဂ်နဲ့ ချိန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပွဲကြည့်စင်မှာ အရန်ကစားသမားအဖြစ်နဲ့သာ အချိန်ကုန် နေခဲ့ရပါတယ်။ မန်ယူရဲ့ဘောလုံးအသိုင်းအဝိုင်းကတော့ ဗန်ဒီဘိခ့်ကို အသုံးပြုဖို့ ဝိုင်းဝန်းတိုက်တွန်းခဲ့ပေမယ့် နည်းပြဆိုးရှားက ခေါင်းမာစွာနဲ့ အရန်ခုံမှာပဲထားနေဆဲဖြစ်ပါတယ်။ 

နယ်သာလန်ဂန္ထဝင်ကြီး ဗန်ဘတ်စတန်က “တစ်နှစ်မှာ ကောင်လေးအတွက် ၆ ပွဲ၊ ၇ ပွဲ လောက်ပဲ ကစားရမယ်ဆိုရင် သူ့အတွက် အရမ်းကိုဆိုးပါတယ်။ အဲ့ဒါက သူ့ရဲ့ရစ်သန်ကိုထိခိုက်စေပါတယ်။ ခင်ဗျားအနေနဲ့ ကစားနိုင်တဲ့နေရာကိုလည်း မြင်အောင်ကြည့်တတ်ရပါမယ်။ သူ့အနေ မန်ယူကို မသွားသင့်ခဲ့သင့်ပါဘူး။ အခြားကလပ်၊ အသင်းတစ်ခုခုကို စောင့်နေသင့်တာပါ။ သူ့အနေနဲ့ အပတ်တိုင်း ဘောလုံးကစားချင်တယ် ဆိုရင်ပေါ့ဗျာ။ မန်ယူဟာ သူ့ရဲ့ကစားသမားဘဝအတွက် အရမ်းဆိုးတဲ့ကလပ်တစ်ခုပါပဲ။ ဒါကြောင့် ဗန်ဒီဘိခ့်ဟာ မန်ယူကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဟာ သူ့ရဲ့အကြီးမားဆုံး ဆုံးဖြတ်ချက်အမှားတစ်ခုပါပဲ”လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ မန်ယူဂန္ထဝင် အီဗရာက “ကျွန်တော်တို့ ဗန်ဒီဘိခ့်ကို ဘာကြောင့် ဝယ်ခဲ့တာလဲ၊ သူက ပွဲကြည့်စင်ကနေ ကြည့်နေရတယ်။ ကျွန်တော်တို့ သူ့ကို မလိုအပ်ခဲ့ဘူးလား၊ ဘယ်သူကမှ သူ့ကို မလိုအပ်ဘူးလို့ ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါက အမှန်တရားပါ”လို့ ပြောကြားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ