နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောက်သက်ကြေပြီး ဘဝနာခဲ့သူရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့တဲ့ အံ့မခန်းဆုလာဘ်များ

အောက်တိုဘာ  ၂၈


အသက် ၂၈ နှစ်သား ချဲလ်ဆီးဂိုးသမားမန်ဒီဟာ လွန်ခဲ့တဲ့ငါးနှစ်က အလုပ်လက်မဲ့ဘဝရောက်ခဲ့ရပြီး ပြင်သစ်လိဂ် ၃ က အသင်းငယ်လေးကို ရောက်ခဲ့ပေမယ့် အတူနေချစ်သူ ကိုယ်ဝန်ရရှိမှုကြောင့် ကစားသမား ဘဝကို စွန့်လွှတ်ကာ ကြုံရာအလုပ်လုပ်ကိုင်ခဲ့ရသူပါ။ နောက်ပိုင်းမှာ မာဆေးလ်ဘီအသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းခွင့်ရတော့ သူ့ကို Stade Reims အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့ပါတယ်။ Stade Reims အသင်းမှာ အစွမ်းပြနိုင်တာကြောင့် ၂၀၁၉ မှာ Stade Rennais တို့က ယူရို ၇ ဒသမ ၆ သန်းနဲ့ ခေါ်ယူခဲ့ပြန်ပါတယ်။ Rennais တို့အတွက် တစ်ရာသီအတွင်း ၃၄ ပွဲမှာ Clean Sheet ၁၃ ပွဲ ရယူပေးနိုင်ခဲ့ တာကြောင့် ချဲလ်ဆီးတို့ဟာ သူတို့ရဲ့အမှားအယွင်းများနေတဲ့ ကီပါရဲ့နေရာအတွက် မန်ဒီကို ယူရို ၂၄ သန်းနဲ့ ခေါ်ယူခဲ့ရပြန်ပါတယ်။ မန်ဒီဟာ ပြီးခဲ့တဲ့မန်ယူနဲ့ပွဲမှာ ချဲလ်ဆီးဂိုးသမားကြီး ပီတာချက်ရဲ့ ၂၀၀၄ ခုနှစ် စံချိန်ဖြစ်တဲ့ ၂ ပွဲဆက်ပေးဂိုးမဲ့စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ပရီးမီးယားလိဂ်အသင်းကြီး ၆ သင်းရဲ့ ဂိုးသမားတွေအနက် ပေးဂိုးမဲ့ Clean Sheet ပွဲအများဆုံးဂိုးသမား ဂုဏ်ပုဒ်ပါရယူနိုင်ခဲ့ပါတယ်။ ခုဆိုရင် ချဲလ်ဆီးတို့အတွက် ပြိုင်ပွဲစုံ ၄ ပွဲပါဝင်ကစားပြီး ၃ ပွဲတိတိကို ပေးဂိုးမဲ့ Clean Sheet ရယူပေးခဲ့ပြီး ၁ ဂိုးသာခွင့်ပြုပေးထားရမှုဟာ သူ့ရဲ့ကာကွယ်နိုင်မှု ၉၃ ရာခိုင်နှုန်းထိရှိနေပါတယ်။ ခုတော့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် ကစားသမားဘဝ ၁၂၇ ပွဲမှာ ၅၁ ပွဲတိတိ  Clean Sheet စာရင်းထဲကို ချဲလ်ဆီးနဲ့ ၃ ပွဲပါ ပေါင်းထည့်ရင် ၁၃၁ ပွဲမှာ ၅၄ ပွဲထိ ပေးဂိုးမဲ့ စံချိန်ကောင်းကို ရရှိထားနိုင်ခဲ့တာကြောင့် မန်ဒီရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိတဲ့ ဆုလာဘ်တွေကတော့ အံ့မခန်းစရာပဲဖြစ်ပါတယ်။        (SO)






အခြားဆက်စပ်သတင်းများ