နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညီအစ်ကိုအရင်းနှစ်ယောက် ပူးတွဲဒိုင်လုပ်ခဲ့ကြတဲ့ အယ်ကလက်စီကိုဘောလုံးပွဲ

အောက်တိုဘာ  ၂၈


ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့ကြတဲ့ လာလီဂါရဲ့ အယ်ကလက်စီကိုပွဲအဖြစ် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပွဲစဉ်မှာ ရီးရဲလ် ၁−၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ ဒိုင်လူကြီးတွေနဲ့ပတ်သက်ပြီး ဘာစီတို့ ကွန်ပလိန်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အဓိကကတော့ ရီးရဲလ်တို့ ပင်နယ်တီကန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီး အန်းမာတီနက်ဇ်မြူနီယာကြောင့်ပါပဲ။ မကြာခင်မှာဘဲ စပိန်မီဒီယာတစ်ခုက အဲဒီပွဲရဲ့ ဒိုင်အဖွဲ့ အကြောင်း ဖွင့်ချလာခဲ့ပါတယ်။ မာတီနက်ရဲ့ဖခင် ယူအန်းရေမွန်ဟာ ရီးရဲလ်ဖန်ကလပ်တည်ထောင်သူဖြစ်ကြောင်းနဲ့ ယူအန်းရေမွန်ဟာ တတိယတန်းက ဒိုင်လူကြီးဖြစ်ကြောင်း၊ သူ့ရဲ့ဒိုင်လူကြီးယူနီဖောင်းအောက်မှာ ရီးရဲလ်ဂျာစီကို အမြဲခံဝတ်တဲ့သူဖြစ်ကြောင်း၊ ဒိုင်လူကြီးသက်တမ်း ၁၀ နှစ်ကြာ လုပ်ကိုင်ခဲ့ကြောင်းများ ရေးသားဖော်ပြလာခဲ့ပါတယ်။ ရေမွန်ရဲ့သား မီဂွဲလ်မာတီနက်ဇ်က အယ်ကလက်စီကိုပွဲမှာ စည်းကြပ်ဒိုင်အဖြစ် တာဝန်ယူခဲ့ပြီး အစ်ကိုဖြစ်သူ မြူနီယာနဲ့အတူ တစ်ပွဲတည်းမှာ တာဝန်ယူခဲ့ကြတာဖြစ်ပါတယ်။ ဒီပွဲဟာ မြူနီယာအတွက် ပထမဆုံးအယ်ကလက်စီကိုပွဲဖြစ်သလို အယ်ကလက်စီကိုတစ်ခုကို ညီအစ်ကိုရင်းနှစ်ယောက် ဒိုင်လုပ်တာလဲ ပထမဆုံးဖြစ်ပါတယ်။ စပိန်မီဒီယာတော်တော်များများကလည်း ဒီပင်နယ်တီဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး VAR တရားမမျှတမှုများအဖြစ် ဖော်ပြလာခဲ့ကြပါတယ်။ 

ဘာစီနည်းပြ ကိုးမန်းက ပွဲအပြီးမှာ “ဆုံးဖြတ်ချက်တိုင်းက ကျွန်တော်တို့နဲ့ ဆန့်ကျင်နေတာချည်းပဲ။ ငါးပွဲအတွင်း ကျွန်တော်တို့ အသာရခဲ့တာတစ်ပွဲမှ မရှိပါဘူး။ ပင်နယ်တီလို့ ကျွန်တော်မထင်ပါဘူး။ စပိန်က VAR ဟာ ဘာစီတစ်ခုတည်းကိုပဲ အကန်လုပ်တာပါ”လို့ ပြောခဲ့ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ