နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးရဲ့ ဂန္ထဝင်မန်နေဂျာကြီး ဘီရှန်ကလေ အစပြုခဲ့တဲ့ မဲဝုဒ်၊ ကလော့က အဆုံးသတ်ပေးတော့မယ်

အောက်တိုဘာ  ၂၈


ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ မနှစ်ကတည်းက ပေါင် သန်း ၅၀ အကုန်အကျခံပြီး လေ့ကျင့်ရေးကွင်းသစ် ကီရာဘီ တည်ဆောက်မှုက ယခုပြီးဆုံးခဲ့ပါပြီ။ လေ့ကျင့်ရေးကွင်းဟောင်း မဲဝုဒ်ဟာ နှစ်ပေါင်း ၆၀ ကြာ အသုံး ပြုခဲ့ပြီးဖြစ်ပါတယ်။ မဲဝုဒ်ကို စတင်ခဲ့သူကတော့ လီဗာပူးလ်ဂန္ထဝင်မန်နေဂျာကြီး ဘီရှန်ကလေပါပဲ။ ခုတော့ မဲဝုဒ်ကို အိမ်ခြံမြေလုပ်ငန်းထံ ပေါင် ၁၀ သန်းဖြင့် ရောင်းချခဲ့ပြီးဖြစ်ပေမယ့် ၂၀၂၀−၂၀၂၁ ဘောလုံးရာသီအကုန်အထိ အသုံးပြုခွင့်တော့ ရယူထားပါတယ်။ ကွင်းသစ် ကီရာဘီကို လာမယ့် နိုင်ငံတကာပွဲမတိုင်ခင်မှာ ပြောင်းဖို့ကို မန်နေဂျာကလော့နဲ့ တိုင်ပင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် စီနီယာ အသင်းနဲ့ ကီရာဘီက လူငယ်အကယ်ဒမီကျောင်းသားတွေကို တစ်နေရာတည်းမှာပဲ မန်နေဂျာ ကလော့ စီမံအုပ်ချုပ်ခွင့်ရတော့မှာပါ။ ကီရာဘီဟာ မဲဝုဒ်ထက် များစွာကျယ်ဝန်းတဲ့အပြင် တစ်စုတစ်စည်းရှိနေမှာ ဖြစ်ပါတယ်။ ကီရာဘီရဲ့ အဝတ်လဲခန်းဆိုင်ရာတွေကို ဟန်ဒါဆန်နဲ့ မီလ်နာတို့က ကလော့ကို အကူအညီပေး ဆောင်ရွက်ခဲ့ပါတယ်။ ကွင်းသစ်ကြီးမှာ ဘောလုံးလောက ကလပ်တွေအတွက် လိုအပ်တဲ့ အသုံးအဆောင် တွေ၊ အထောက်အကူပစ္စည်းတွေပါဝင်သလို ပွဲကြိုတွေ့ဆုံမှုတွေကိုလည်း ဒီကွင်းသစ်ကြီးမှာ စတင်သွားမှာပါ။ ကြီးမားတဲ့ အားကစားဟောခန်းမ၊ ကြံ့ခိုင်ရေးရုံ၊ ရေကူးကန်အပြင် မဲဝုဒ်နဲ့ ပုံစံတူ မြက်ခင်းတွေ သုံးထားတဲ့ ကွင်းကျယ်သုံးခုလည်း ပါဝင်ပါတယ်။ ဒါကြောင့် လီဗာပူးတို့ရဲ့ နှစ် ၆၀ ကြာက လေ့ကျင့်ရေးကွင်း မဲဝုဒ်ဟာ ကလော့လက်ထက်မှာ ရောင်းချမှုဒဏ်ခံရမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။                    (SO)






အခြားဆက်စပ်သတင်းများ