နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညောင်ဦးမြို့နယ် ငှက်ပျောစိုက်တောင်သူများအဆင်ပြေနေ

ညောင်ဦး  အောက်တိုဘာ  ၂၇


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှဖီးကြမ်း ငှက်ပျောစိုက် တောင်သူ များ COVID-19 ကူးစက်ရောဂါဖြစ်သော်လည်း ဖီးကြမ်းငှက်ပျောထွက်သလောက် ရောင်းချနေရကြောင်း လက်ပံ ခြေပေါ်ကျေးရွာငှက်ပျောစိုက်တောင်သူဦးအောင်ဌေးထံက သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုရှိကျေးရွာများ၊ အုန္နဲကျောင်းအုပ်စု ၊ကျေးရွာများသည် ဖီးကြမ်း ငှက်ပျောစိုက်ပျိုးခြင်းကို မြေအောက်ရေအသုံးပြု၍စိုက်ပျိုးကြခြင်းနှင့် ငါ့သရောက်မြစ်ရေတင်ဖြင့် လည်းကောင်း၊ လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့်လည်းကောင်း စိုက်ပျိုးကြကာ ဖီးကြမ်းငှက်ပျောစိုက်တောင်သူ များ အောင်မြင်ဖြစ်ထွန်းနေကြသည်။ ဖီးကြမ်းငှက်ပျောခုတ်ချိန်(ပေါ်ချိန်)ဈေးနှုန်းကောင်းကောင်းဖြင့် ရောင်းချ နေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများအဆင်ပြေနေကြကြောင်း သိရသည်။

လက်ပံခြေပေါ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းကို ဝါဆို၊ ဝါခေါင်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး တစ်ဆယ်လ၊ တစ်ဆယ့်တစ်တွင် ငှက်ပျောစတင်ပေါ်ကာ ခုတ်သိမ်း ရောင်းချကြကြောင်း၊ ငှက်ပျောတစ်ခိုင်လုံးဈေးသည်လည်း ငှက်ပျောဖီးအရေအတွက်အပေါ်မူတည်ကာ ဈေးသတ် မှတ်ရောင်းချကြောင်းသိရပြီး ငှက်ပျောတစ်ဖီး ၈၀၀ကျပ်ဖြင့်ရောင်းကြပြီး၊ ငှက်ပျောခိုင်တစ်ခိုင် ရှစ်ဖီးပါပါက ၆၄၀၀ ကျပ်သတ်မှတ်ရောင်းချကာ ၁၀ဖီးခိုင်တစ်ခိုင် ၈၀၀၀ ကျပ်သတ်မှတ်ရောင်းချပြီး ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပြောမှန်သမျှ COVID-19 ကူးစက်ရောဂါကာလဖြစ်သော်လည်း ဈေးနှုန်းကောင်း ဖြင့်ရောင်းချနေရခြင်းကြောင့် ငှက်ပျောစိုက်တောင်သူများအဆင်ပြေနေကြကြောင်း သိရသည်။ ငှက်ပျော သီးနှံစိုက်ပျိုးခြင်းသည် အလုပ်များနေ၍ပြစ်ထားလျှင်ပင်မသေဘဲ၊ ဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသင့်သည့် သီးနှံအမျိုးအစားဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူများကပြောသည်။ ဖီးကြမ်းငှက်ပျောသီးနှံတစ်ဧက လျှင် တစ်နှစ်အတွင်း သိန်းငါးဆယ်ကျပ်ဝင်ငွေရှိပြီး လေးနှစ်ထိ တစ်ပင်ပြီးတစ်ပင်သားတက်ယူကာ ငှက်ပျောခြံအားပြုပြင် စိုက်ပျိုးကြောင်းသိရသည်။ ငှက်ပျောခြံထိငှက်ပျောပွဲစားများ လာရောက်ဝယ်ယူခြင်းနှင့် ကားလမ်းမကြီး ချရောင်းခြင်းနှင့် ကျောက်ပန်းတောင်း၊ ညောင်ဦး ၊ မြင်းခြံ၊ ပခုက္ကူမြို့ငှက်ပျောပွဲစားများ လာရောက်ဝယ်ယူကြကြောင်း၊ ပခုက္ကူမြို့ဘက်က လက်ပံခြေပေါ်ငှက်ပျောစိုက်တောင်သူများအတွက် အဓိကဈေးကွက်ဖြစ်ကြောင်းလည်း   ငှက်ပျောစိုက်တောင်သူများက ရှင်းပြ၍ သိရသည်။

ကိုထိန်၊KPD






အခြားဆက်စပ်သတင်းများ