နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီအတွက် အကျဉ်းတန်တဲ့ပွဲဟာ ဇီဒန်းအတွက်တော့ အသက်ရှူချောင်ခဲ့

အောက်တိုဘာ  ၂၇


ရီးရဲလ်နဲ့ ဘာစီတို့ရဲ့ အယ်ကလက်စီကိုပွဲမှာ ရီးရဲလ်တို့ အနိုင်ရရှိခဲ့ပါတယ်။ အစဉ်အလာအရလည်း ရီးရဲလ်တို့သာ အနိုင်များခဲ့တာပါ။ ဒီပွဲမှာ မက်ဆီတစ်ယောက် အတော်ရုန်းကန်ခဲ့ရသလို ကစားသမားဘဝမှာ ဆိုးရွားတဲ့ မှတ်တိုင်တစ်ခုရရှိခဲ့ပါတယ်။ ရီးရဲလ်ကလည်း ဒီပွဲအနိုင်ရရှိမှသာ နည်းပြဇီဒန်း သက်တမ်းရှည်မှာပါ။ ဇီဒန်းဟာရီးရဲလ်ကနေ မိမိဆန္ဒအရသာ နုတ်ထွက်ခဲ့ဖူးပေမယ့် ဒီပွဲသာရှုံးခဲ့ရင် ထုတ်ပယ်ခံရဖို့ အသေအချာပါပဲ။ ရီးရဲလ်ရဲ့နိုင်ပွဲဟာ အသင်းခေါင်းဆောင် ဆာဂျီရာမို့စ်ရဲ့ စွမ်းဆောင်မှုကောင်းကြောင့်ပဲဖြစ်ပါတယ်။ ရာမို့စ်ဟာ ရီးရဲလ်နဲ့ ၄၅ ကြိမ်မြောက် ပါဝင်ကစားခဲ့တဲ့ ဒီပွဲမှာ ခံစစ်ပိုင်းသာမက တိုက်စစ်မှာပါ ထိရောက်စွာ ကူညီ ဆောင်ရွက်ပေးခဲ့သူပါ။ ရာမို့စ်ဟာ မက်ဆီကို တစ်ဦးချင်း အပိုင်ကပ်ကစားနိုင်တဲ့ ခံစစ်မှူးတစ်ဦးပါ။ အလိမ် အခေါက်တွေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီကို စိတ်ပျက်သွားလောက်အောင် ရာမို့စ်က လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မက်ဆီရဲ့ တစ်ကိုယ်တော် ကျော်ဖြတ်မှုတွေကို ခပ်ကြမ်းကြမ်းကစားပြီး ဖျက်ထုတ် တားဆီးနိုင်ခဲ့ပြီး ရီးရဲလ်အတွက် သူရဲကောင်းအဖြစ် ရယူခဲ့ပါတယ်။  ရာမို့စ်ကြောင့် ပင်နယ်တီရခဲ့တာပါ။ ဘာစီတိုက်စစ်မှူးတွေအတွက် ရာမို့စ်က အုတ်တံတိုင်းသဖွယ် ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီ ကတော့ ပရိသတ်ရဲ့ဝေဖန်မှုခံနေရပါတယ်။ ဒီပွဲမှာ ဂိုးပေါက်ပျောက်ခဲ့မှုဟာ မက်ဆီရဲ့ အက်ကလက်စီကို ဂိုးပေါက်ပျောက်တဲ့မှတ်တမ်းက ပိုဆိုးရွားခဲ့ပါတယ်။ ရက် ၉၀၀ ကျော် အက်ကလက်စီကို ဂိုးမိုးခေါင်မှုဟာ နောက်တစ်ကြိမ် ရီးရဲလ်နဲ့ပြန်ဆုံမဲ့နေ့အထိ ရက် ၁၀၀၀ ကျော် ဂိုးပေါက်ပျောက်မှုကို ပိုင်ဆိုင်သွားမှာလည်း ဖြစ်ပါတယ်။  

 (SO)






အခြားဆက်စပ်သတင်းများ