နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ZOZO Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကန်တလေ ချန်ပီယံဆုဆွတ်ခူး

အောက်တိုဘာ   ၂၇


အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ZOZO Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးရိုက်ကစားသမား ကန်တလေက ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကန်တလေသည် သတ်မှတ်ရိုက်ချက်ထက် ၂၃ ချက် လျှော့ရိုက်ကာ ချန်ပီယံဆုကိုဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး စပိန်ဂေါက်သီးရိုက်ကစားသမား ဂျွန်ရမ်းနှင့် အမေရိကန်ဂေါက်သီးရိုက်ကစားသမား ဂျက်စတင်သောမတ်စ်တို့က သတ်မှတ်ရိုက်ချက်ထက် ၂၂ ချက်စီ လျှော့ရိုက်ကာ အမှတ်ပေးဇယားအဆင့် ၂ နေရာ၌ ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

“ချန်ပီယံဖြစ်ဖို့အတွက် ပိုပြီးအာရုံစိုက်ရမယ်ဆိုတာပြိုင်ပွဲစကတည်းက ကျွန်တော် ကောင်းကောင်း သဘောပေါက်ပါတယ်။ ကမ္ဘာ့အဆင့် ကစားသမားတွေအများကြီးပါဝင်တဲ့အတွက် ပိုကောင်းအောင် ကစားနိုင်ဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးကြိုးစားခဲ့တဲ့ ရလဒ်ကို လက်တွေ့ခံစားခွင့်ရခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်”ဟု ကန်တလေက ပြောကြားခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ