နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီ လာလီဂါနဲ့ ဘာစီကို ကျောခိုင်းခဲ့ရင် သူ့ရဲ့ဂုဏ်သတင်းတွေထိခိုက်နိုင်ကြောင်း ဥက္ကဋ္ဌ က ပြော

အောက်တိုဘာ  ၂၇


မက်ဆီနဲ့ ဘာစီလိုနာအသင်းစာချုပ်က တစ်နှစ်သာကျန်ပါတော့တယ်။ မက်ဆီဟာ လာမယ့်ရာသီမှာ အသင်းကိုစွန့်ခွာဖို့များပါတယ်။ နွေစျေးကွက်တုန်းကလည်း နူးကမ့်ကနေထွက်ခွာခွင့် တောင်းဆိုခဲ့ဖူးတာကြောင့် စာချုပ်သက်တမ်းအကုန်မှာ ပြောင်းရွှေ့နိုင်ပါတယ်။ မက်ဆီဟာ ၁၃ နှစ်သားကနေ လက်ရှိ ၃၃ နှစ်အရွယ် အထိ ဘာစီအသင်းတစ်သင်းတည်းမှာသာ ကစားခဲ့သူပါ။ အသင်းအတွက်ကော သူ့အတွက်ပါ အကျိုးများခဲ့ ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ အသင်းရဲ့ရည်ရွယ်ချက်တွေကင်းမဲ့လာနေတာကြောင့် မက်ဆီလည်း စိတ်ပျက်ခဲ့ရပါတယ်။ လာလီဂါဥက္ကဋ္ဌ ဂျာဗီရာတိဗက်စ်က မက်ဆီ ဘာစီကိုစွန့်ခွာရင် တစ်နည်းအားဖြင့် လာလီဂါကိုကျောခိုင်းခဲ့ရင် ဂုဏ်သတင်းထိခိုက်ပျက်စီးရမယ့်သူက မက်ဆီကိုယ်တိုင်ပဲဖြစ်တယ်လို့ သတိပေး ပြောဆိုခဲ့ပါတယ်။ တိဗက်စ်က ဘယ်လိုကစားသမားမျိုးမရှိတော့သည်ဖြစ်စေ လာလီဂါဟာ ကြံ့ကြံ့ခံနိုင်တယ် လို့ ဆိုပါတယ်။ 

တိဗက်စ်က “တကယ်လို့ မက်ဆီထွက်ခွာသွားရင် ပြဇာတ်တစ်ပုဒ်ဖြစ်လာမှာပါ။ လာလီဂါကို ရော်နယ်ဒို၊ နေမာတို့ စွန့်ခွာခဲ့တယ်။ နေမာ PSG ရောက်လို့ ပြင်သစ်လီဂူးဟာ စူပါအဆင့်ရောက်လာတယ်လို့ ကျွန်တော်မမြင်ပါဘူး။ ကစားသမားတွေဟာ ပြိုင်ပွဲတစ်ခုအပေါ်မှာမူတည်နေတယ်ဆိုတဲ့ အတွေးက မှားပါတယ်။ လာလီဂါမှာ မက်ဆီအနေနဲ့ ဘာစီကိုထွက်ခွာကျောခိုင်းခဲ့ရင် သူတည်ဆောက်ခဲ့တဲ့ သူ့ဂုဏ်သတင်းတွေ ပျက်စီး သွားနိုင်ပါတယ်”လို့ ပြောဆိုပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ