နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူတို့ လွန်ခဲ့တဲ့ ၅ နှစ်ကသာ ခေါ်ယူနိုင်ခဲ့ရင် စျေးသက်သက်သာသာနဲ့ တန်ဖိုးကြီးသူကိုပိုင်ဆိုင်နေပြီ

အောက်တိုဘာ  ၂၇


မန်ယူတို့ ပြီးခဲ့တဲ့နွေရာသီကစားသမားပြောင်းရွှေ့စျေးကွက်ဖွင့်ချိန်မှာ လိုက်ဇစ်ရဲ့ ဗဟိုနောက်ခံလူ ယူပါမီကာနိုကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ လိုက်ဇစ်က ယူပါမီကာနိုကို ပေါင် ၅၅ သန်း ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တာကြောင့် မန်ယူတို့ နောက်လန်သွားပြီး ရှိတဲ့လူအင်အားနဲ့ပဲ လက်ရှိရာသီကို ဖြတ်သန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်ရှိနေပြီဖြစ်တဲ့ လိုက်ဇစ် ဗဟိုနောက်ခံလူဟာ ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၉ သန်းနဲ့ လိုက်ဇစ်ကို ရောက်ရှိလာတာပါ။ ယူပါမီကာနို အသက် ၁၆ နှစ် သားတုန်းက မန်ယူကခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါသေးတယ်။ အဲဒီအချိန် မီကာနိုဟာ လူငယ်ကစားသမားဘဝနဲ့ ဗလန်စီနက်စ်အသင်းမှာပါ။ မန်ယူက မီကာနိုရဲ့ မိခင်၊ အေးဂျင့်တို့နဲ့ အပြောင်းအရွှေ့ကိစ္စကို အိုးထရက်ဖို့မှာ ဆွေးနွေးခဲ့ပါတယ်။ မီကာနို ကိုယ်တိုင်ကလည်း မန်ယူမှာ ကစားချင်နေခဲ့သူပါ။ နောက်ဆုံး ဗလန်စီနက်စ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၇ သိန်းအလိုရှိနေပြီး မန်ယူတို့က ပေါင် ၅ သိန်းသာ ပေးချေလိုနေတာဖြစ်ပါတယ်။ တကယ်လို့ အပြောင်းအရွှေ့သာအဆင်ပြေခဲ့ရင် ခုဆို မီကာနိုမန်ယူနဲ့အတူ ချန်ပီယံလိဂ် ခုတစ်ပတ်ဆို ပါဝင်နေလောက်ပါပြီ။ ခုတော့ မီကာနိုရဲ့ပြောင်းရွှေ့ကြေးကို လိုက်ဇစ်ကပေါင် ၅၅ သန်းသတ်မှတ်လာခဲ့ပါပြီ။ မန်ယူတို့ လွန်ခဲ့တဲ့        ၅ နှစ်ကသာ ခေါ်ယူထားခဲ့မယ်ဆိုရင် စျေးသက်သက်သာသာနဲ့ တန်ဖိုးကြီးကစားသမားတစ်ဦးကို ပိုင်ဆိုင်ခဲ့ ကြမှာပါ။                    (SO)






အခြားဆက်စပ်သတင်းများ