နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီတင်းကျွတ်လပြည့်ည အွန်လိုင်းလိုက်ဖ်ဖျော်ဖြေပွဲ ကျင်းပသွားမည့် တေးသံရှင် ပိုပို

ရန်ကုန်  အောက်တိုဘာ  ၁၉


အမျိုးသမီးတေးသံရှင် ပိုပို၏ တစ်ကိုယ်တော်အွန်လိုင်းလိုက်ဖ်တေးဂီတဖျော်ဖြေပွဲကို လာမည့် သီတင်းကျွတ်လပြည့်ညတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်းကို ယင်း၏ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်ကို တွေ့ရသည်။


“ပိုပိုမှ ပိုပိုဆိုတဲ့ ကိုကိုတွေ မောင်မောင်တွေအတွက် သတင်းကောင်းလေး ပြောပြချင်ပါတယ်။ ကိုကိုတွေ အတွက်ပဲလားဆိုတော့လည်း ပိုပိုကိုချစ်တဲ့ ပရိသတ်တွေ အားလုံးအတွက် သတင်းကောင်းလေးဖြစ်လို့ ကိုကို ပျိုပျို ညလေး မောင်လေးတွေမကျန် ကွီးတို့ မွီးတို့ ဦးဦး ဒေါ်ဒေါ် အားလုံးပါတယ်နော်။ သီတင်းကျွတ်ကို Stay Home ရင်း  အိမ်တွင်းပုန်းနေရတဲ့  ပရိသတ်တွေအတွက်  Po  Po  Vip Fan Club Group လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်မှ မသွားရ ဘာမှမလုပ်ရလို့ စိတ်ဓာတ်တွေကျနေကြတဲ့ ပရိသတ်တွေကတော့ ငွေကျပ်သုံးထောင် မန်ဘာကြေးသွင်းရုံနဲ့ ၃၁ ရက်နေ့ ည ၈နာရီမှာ အားလုံးအပြုံးတွေနှင့် ဖြစ်သွားရအောင် Live streaming at home concerts မှာ ချစ်ကြမယ်ကွာ”ဟု ယင်းက ရေးသားထားသည်။


ပိုပိုက Underground တေးဂီတလောကတွင် အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီးမှ “ချစ်ဖူးခဲ့သမျှ” တစ်ကိုယ်တော် တေးအယ်လ်ဘမ် တစ်ချပ်တည်းဖြင့် ပရိသတ်လက်ခံအားပေးမှုရရှိခဲ့သူတစ်ဦးဖြစ်ပြီး ဒုတိယ မြောက် တေးအယ်လ်ဘမ် “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” တေးအယ်လ်ဘမ်အပါအဝင် အတွဲသီချင်း အယ်လ်ဘမ်များတွင်ပါ သီဆိုအောင်မြင်ခဲ့သူဖြစ်သည်။


COVID-19 ကပ်ကာလ Stay Home ပရိသတ်များအတွက် ပိုပိုက နေအိမ်မှ PO PO VIP FAN CLUB GROUP ထဲမှတစ်ဆင့် တိုက်ရိုက်လိုက်ဖ် ဖျော်ဖြေပေးသွားမည်ဖြစ်သည်။


အဆိုပါပွဲကို ကြည့်ရှုလိုသူများအနေဖြင့် 09-420244829 ဖုန်းနံပါတ်ကို KBZ Pay, CB Pay, Wave Pay တစ်ခုခုဖြင့် မန်ဘာကြေးငွေကျပ် ၃,၀၀၀ လွှဲပေးရမည်ဖြစ်ပြီး Group ကို Join ထားရမည်ဖြစ်ပြီးနောက် ငွေလွှဲပြီးကြောင်း ScreenShot နှင့် Facebook အကောင့် ScreenShot တို့ကို Viber ဖုန်းနံပါတ်-09420244829 နှင့် 09964159584 တို့ကို ပေးပို့ပြီး VIP Member ဖြစ်ပြီး ဖျော်ဖြေပွဲကို ကြည့်ရှုနိုင်မည်ဖြစ်သည်။                                                    


(WP)






အခြားဆက်စပ်သတင်းများ