နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေရှည်နေတာက ရီးရဲလ်နဲ့ ပေါ့ဘာဇာတ်လမ်း၊ ပေတိုတိုနဲ့ အဆုံးသတ်ဖို့ ချောင်းနေတာက ဘာစီလိုနာ

အောက်တိုဘာ  ၁၇

ပေါ့ဘာဟာ နောင်နှစ်နွေမှာမန်ယူနဲ့စာချုပ်ကုန်ဆုံးတော့မှာပါ။ မန်ယူအသင်းရလဒ်ဆိုးတိုင်း ပေါ့ဘာကိုသာ ခလုတ်တိုက်နေကြတာပါ။ ဒါကြောင့် ပေါ့ဘာ မန်ယူမှာ နေချင်ပါဦးမလား။ နည်းပြဆိုးရှားရဲ့ ကစားကွက်၊ ဗျူဟာက ပေါ့ဘာရဲ့တိုးတက်မှုကို ဟန့်ထားနေသလိုဖြစ်နေပါတယ်။ ပေါ့ဘာက အောင်မြင်မှုဆုလဒ်ကို ရယူချင်သူပါ။ ဒါပေမယ့် မန်ယူမှာ ပေါ့ဘာ ဆက်ရှိ/မရှိ၊ အသင်းပြောင်း/မပြောင်းဆိုတာတော့ ခန့်မှန်းရခက် ပါတယ်။ ပေါ့ဘာ အသင်းပြောင်းချင်ရတဲ့အကြောင်းအရင်း၊ ဆက်မနေချင်ရတဲ့အကြောင်းအရာတွေက အထက်မှာ ရေးခဲ့သလိုပါပဲ။  ထစ်ကနဲဆို ပေါ့ဘာကြောင့်လို့ မကြာခဏ အမည်တပ်ခံနေရတော့ ဖြစ်ချင် လည်း ဖြစ်လာနိုင်တာပေါ့။ ဒါပေမယ့် ပေါ့ဘာက မန်ယူအသင်းကိုချစ်လွန်းတော့လည်း ဆက်ရှိနေဦးမယ် ထင်ပါတယ်။ အသင်းအတွက်ဆိုရင် သူကစားနေကျနေရာမဟုတ်တာတောင် သည်းခံကစားပေးခဲ့သူပါ။ သူစွမ်းဆောင်ပေးခဲ့တဲ့ ဘောလုံးတွေကိုအသုံးမချနိုင်ဘဲ ဖြုန်းပစ်နေတာက ရှေ့တန်းတိုက်စစ်သမားတွေပါ။ ဒါကြောင့်လည်း သူ့ရဲ့စွမ်းဆောင်ရည်သတင်းတွေ မသင်းပျံ့ခဲ့တာပါ။ မှေးမှိန်ခဲ့ရတာပါ။ ပေါ့ဘာနဲ့ ရီးရဲလ်တို့ ဇာတ်လမ်းက ပေတော်တော်ရှည်နေပါပြီ။ ပေါ့ဘာကလည်း စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းကအဆုံးမသတ်နိုင်သေးပါဘူး။ နောက်နှစ်နွေဆိုရင် မန်ယူနဲ့စာချုပ်ကုန်ဆုံးမှာဖြစ်တဲ့ ပေါ့ဘာကို ပေတိုတိုနဲ့ အဆုံးသတ်စာချုပ်ချုပ်ခေါ်ဖို့ ပြင်နေတာကဘာစီလိုနာပါ။ ပြောင်းရွှေ့ကြေးတော့ များများပေးမှာမဟုတ်ပါဘူး။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂုတ်ဆွဲခေါ်သွားချင်တာပါ။   
    
(SO)






အခြားဆက်စပ်သတင်းများ