နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်တန်းကိုစိတ်မချနိုင်သေးတဲ့ ဂွါဒီယိုလာဟာ ကစားသမားသစ်ထပ်ခေါ်ယူဖို့ ပြင်ဆင်နေ

အောက်တိုဘာ  ၁၇

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရဆိုရင် မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ လက်ရှိ သူ့ရဲ့နောက်တန်းကို စိတ်မချနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။ လက်ရှိ မန်စီးစတီးနောက်တန်းမှာရှိတဲ့ ဇင်ချန်ကိုနဲ့ မန်ဒီတို့ကို စိတ်မချဘူးလို့ သိရပါတယ်။ ဒါကြောင့် မန်စီးတီးတို့ဟာ အေဂျက်အသင်းရဲ့ ဘယ်နောက်ခံလူ တက်ဂလီဟာ ဖီကိုကိုဇန်နဝါရီအပြောင်းအရွှေ့လောက်မှာ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေမှာ ဖော်ပြ လာကြပါတယ်။ အေဂျက်နောက်ခံလူကိုခေါ်ယူဖို့ဆိုရင် မန်စီးတီးတို့ ပေါင် ၂၃ သန်း ပေးချေရနိုင်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တက်ဂလီယာဖီကိုဟာ အေဂျက်အသင်းနဲ့အတူ ချန်ပီယံလိဂ် အတွေ့အကြုံတွေ ရရှိထားသူဖြစ်ပါတယ်။

 သူ့အသက်အရွယ်ဟာ ကစားသမားဘဝအကောင်းဆုံးအရွယ်လည်းဖြစ်ပါတယ်။ မန်စီးတီးဟာ အသင်းနောက်တန်းအတွက် နွေရာသီတုန်းက ဘုန်းမောက်က နုသအကီနဲ့ ဘင်ဖီကာက ရူဘင်ဒီယက်စ်တို့အတွက် ပေါင် သန်း ၁၀၀ ကျော် အသုံးပြုထားပြီးဖြစ်ပါတယ်။ ယခုခေါ်ယူမယ့် တက်ဂလီယာဖီကို ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကိုလာရောက် ကစားချင်နေသူဖြစ်ပြီး အေဂျက်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ပေမယ့် အသင်းကပြောင်းရွှေ့ကြေးရရင် ရောင်းချင်နေပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ