နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အညာဒေသထွက် သြဇာသီးများ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေ

ချောက်၊  အောက်တိုဘာ  ၁၆


အညာဒေသ ချောက်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရေနံချောင်းမြို့နယ်တွင် စိုက်ပျိူးထွက်ရှိသော သြဇာသီးများ စတင်ဆွတ်ခူးနေကြပြီဖြစ်ရာ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရလျက်ရှိကြောင်း တောင်သူနှင့် ရောင်းဝယ်သည့် သစ်သီးဆိုင်များမှ သိရသည်။

"မကြာခင် လေးငါးရက်ကမှ သြဇာသီးတွေ ဈေးကွက်ထဲကို ဝင်လာတာ။ အရောင်းအဝယ်ကတော့ ရာသီစာအဖြစ်စားသုံးကြတာကြောင့် အဝယ်လိုက်တယ်။ယခင်နှစ် ကာလတူမှာ သြဇာသီးအကြီးအသေးပေါ် မူတည်ပြီး သြဇာသီး တစ်ရာလျှင် ကျပ် ၁၃၀ဝ၀ ကနေ ကျပ် ၁၅၀ဝ၀ အတွင်း ရောင်းခဲ့ရတယ်။လက်ရှိမှာ သြဇာသီးတစ်ရာလျှင် ကျပ် ၁၅၀ဝ၀ ကနေ ကျပ် ၂၀ဝ၀ဝ အထိရှိတဲ့အတွက် ဈေးကောင်းတယ်"ဟု သြဇာသီး ရောင်းဝယ်သည့် ချောက်မြို့နယ်မှ မအိအိဝင်းက ပြောသည်။

"ရေနံချောင်းမှာ သြဇာသီးအသေးပဲဝင်တယ်။ အဝင်နည်းတယ်။ သြဇာသီးအသေး ဆယ်လုံး ကျပ် ၁၅၀ဝ ကနေ ကျပ် ၂၀ဝ၀ အထိ ရောင်းတယ်"ဟု သစ်သီးရောင်းသူတစ်ဦးက ပြောသည်။

အညာဒေသ ချောက်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်များမှ ထွက်ရှိပြီး ရေနံချောင်းဈေးကွက်မှာ တော့ သြဇာသီးများကို တင်ပို့လျက်ရှိသည့်အပြင် တောင်သူသြဇာသီးစိုက်သူအချိူ့က လက်လီရောင်းချလျက် ရှိကြောင်း သိရသည်၊။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ