နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အားကစားအင်ပါယာချဲ့ထွင်တော့မယ့် လီဗာပူးပိုင်ရှင် အမေရိကန်စီးပွားရေးအုပ်စု (FSG)

အောက်တိုဘာ  ၁၆


လီဗာပူးအသင်းကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်စီးပွားရေးအုပ်စု FSG  ဟာ နောက်ထပ်စီးပွားရေးကော်ပိုရေးရှင်း ဖြစ်တဲ့ Red Ball နဲ့ ပူးပေါင်းတော့မှာပါ။ ဒီညှိနှိုင်းမှုမှာ FSG တို့က ယင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ထုတ်ရောင်းရမှာဖြစ်ပါတယ်။ FSG ဥက္ကဋ္ဌ ဂျွန်ဟင်နရီက ညှိနှိုင်းမှုအားလုံးပြီးရင် FSG ကို စတော့စျေးကွက်ထဲထည့်သွင်းတော့မှာပါ။ ဒါကြောင့် FSG ရဲ့ တန်ဖိုးက ဒေါ်လာ ၈ ဘီလီယံခန့်  တက်သွားမှာပါ။ ဥက္ကဋ္ဌက တစ်ဆက်တည်း နိုင်ငံတကာအားကစားကော်ပိုရေးရှင်း စတင်ဖို့ နောက်ဥရောပတိုက်ထဲက ကလပ်တစ်သင်းလည်း စတင်ဝယ်ရမှာဖြစ်တယ်။ The Times က လီဗာပူး အသင်းပိုင်ရှင်တွေ ဥရောပတိုက်ထဲက ကလပ်တစ်သင်း ဝယ်ယူပြီး သူတို့ရဲ့အားကစားအင်ပါယာကြီး စတင် ချဲ့ထွင်တော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိ FSG ရဲ့လက်အောက်မှာ Boston Red Sox လို့ခေါ်တဲ့ မေဂျာလိဂ် ဘေ့စ်ဘောအသင်းနဲ့ လီဗာပူးဘောလုံးအသင်းတို့ ရှိနေပြီးဖြစ်ပါတယ်။ မိခင်ကုမ္ပဏီကို ရင်းနှီးမြုပ်နှံမှုအသစ်တွေ ဝင်လာရင် လီဗာပူးအသင်းလည်း အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီး အုပ်ချုပ်မှုရေးရာတာဝန်ခံအသစ်တွေကော၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေပါ ဝင်ရောက်လာဖို့ရှိကြောင်း ဥက္ကဋ္ဌက ပြောဆိုသွားပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ