နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးနည်းပြ မော်ရင်ဟိုက သူ့တိုက်စစ်မှူးကို အလွန်အကျွံမသုံးဖို့မှာပေမယ့် ဆော့ဂိတ်က သုံးမှာပဲတဲ့

အောက်တိုဘာ  ၁၆


အင်္ဂလန်ရဲ့အသင်းခေါင်းဆောင်  စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ ကြွက်သားဒဏ်ရာရရှိနေတာကြောင့်  ဘယ်လ်ဂျီယံနဲ့ပွဲမှာ ချန်လှပ်ထားခဲ့ရပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်ကတော့ စပါးအသင်းထံ ပြန်မလွှတ် သေးပါဘူး။ ဘယ်လ်ဂျီယံနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တာကြောင့် ဟာရီကိန်းရဲ့ကြံ့ခိုင်ရေးအတွက် အသင်းဖော်တွေက စိုးရိမ်နေပေမယ့် ဆောက်ဂိတ်ကကိန်းမှာ ကြွက်သားဒဏ်ရာရတာမဟုတ်ပါဘူး။ ပွဲပန်း၊ ပွဲဆက်များတာကြောင့် ကြွက်သားနာကျင်တာပါလို့ ဆိုပါတယ်။ ဆောက်ဂိတ်ကတော့ ဒိန်းမတ်တို့နဲ့ပွဲမှာ ကိန်းကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ စပါးအသင်းကတော့ ကိန်း ပွဲပန်းပြီး ဒဏ်ရာနဲ့ အသင်းကိုပြန်ရောက်လာမှာကို စိုးရိမ်နေကြ  ပါတယ်။ နိုင်ငံတကာပွဲတွေမတိုင်ခင်က နည်းပြမော်ရင်ဟိုက ဟာရီကိန်းဟာ ပွဲပန်းဒဏ်ခံနေရတာကြောင့် အလွန်အကျွံမသုံးဖို့ ဆောက်ဂိတ်ကို သတိပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ဆောက်ဂိတ်ကတော့ ဒိန်းမတ်နဲ့ပွဲမှာ ကိန်းကို ပွဲထွက်လူစာရင်းမှာထည့်သွင်းထားခဲ့ပါတယ်။ 

ဆောက်ဂိတ်က “ဟာရီကိန်းရဲ့ အခြေအနေတိုးတက်လာဖို့ မျှော်လင့်နေပါတယ်။ ဘယ်လ်ဂျီယံနဲ့ပွဲမှာ သူ ယုံကြည်မှုမြင့်မားလာခဲ့ပါတယ်။ ဒါကြောင့် ဒိန်းမတ်နဲ့ပွဲမှာ ပွဲချိန်ပိုပြီးကစားသွားစေပါ့မယ်”လို့ ပြောကြား ခဲ့ပါတယ်။ 

စပါးအသင်းကတော့ ကိန်းအတွက် ရင်တမမနဲ့ စောင့်ကြည့်နေရုံကလွဲပြီးဘာမျှမတတ်နိုင်ကြပါ။

(SO)






အခြားဆက်စပ်သတင်းများ