နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တီ ဒဏ်ရာကြောင့် ကာလတစ်ခုအထိ အနားယူရမည်

အောက်တိုဘာ   ၁၆


ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တီသည် ပြင်သစ်အသင်းနှင့်အတူ ယူအီးအက်ဖ်အေနေးရှင်းလိဂ် ပြိုင်ပွဲတွင် ပါဝင်ကစားပေးစဉ် ဒဏ်ရာရရှိခဲ့သည့်အတွက် ကာလတစ်ခုထိအနားယူရမည်ဖြစ်ကြောင်း သိရသည်။

ကန်တီသည် ပေါ်တူဂီအသင်းနှင့် ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် ပွဲချိန်ပြည့် ပါဝင် ကစားပေးခဲ့သော်လည်း ဒဏ်ရာပြဿနာရှိနေသည့်အတွက် ခရိုအေးရှားအသင်းကိုအနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရကာ ချယ်လ်ဆီးအသင်း၏ ပွဲစဉ်အချို့နှင့်လည်း လွဲချော်ရမည်ဖြစ်သည်။

နိုင်ငံတကာပွဲစဉ်များအပြီးတွင် ချယ်လ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ယင်းပွဲစဉ်တွင် ကန်တီကို လက်လွှတ်ရဖွယ်ရှိနေသည်။

ထို့ပြင် ချယ်လ်ဆီးအသင်း ခံစစ်ကစားသမား ဘင်ချီဝဲလ်အနေဖြင့် အင်္ဂလန်အသင်းအတွက် ကစားပေးစဉ် ဒဏ်ရာရရှိခဲ့သည့်အတွက် ဆောက်သမ်တန်အသင်းနှင့်ပွဲစဉ်ကို လွဲချော်ရမည်ဖြစ်ပြီး ဂိုးသမား မန်ဒီမှာလည်း ဒဏ်ရာပြဿနာရှိနေသောကြောင့် ယင်းပွဲစဉ်တွင် ပါဝင်ရန် မသေချာကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ