နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျားနာကြီး လီဗာပူးနဲ့ ရာနှုန်းပြည့်အောင်ပန်းဆင်ထားတဲ့ အဲဗာတန်တို့ တွေ့ဆုံပါပြီ

အောက်တိုဘာ  ၁၆


ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေပြန်ကစားရာမှာ ဗီလာပါ့ခ်မှာ ဗီလာကိုအရှုံးကြီးရှုံးပြီး အရှက်ရ ခဲ့ရတဲ့ ကျားနာကြီး လီဗာပူးနဲ့ ပွဲတိုင်းနိုင်ပွဲနဲ့ အောင်ပန်းဆင်နေတဲ့ အဲဗာတန်တို့ တွေ့ဆုံကစားကြတော့မှာပါ။ လီဗာပူးတို့ရဲ့ နိုင်ပွဲမှတ်တမ်းလည်းရပ်တန့်ခဲ့ရပါတယ်။ ဒါကြောင့် အဲဗာတန်ကွင်းမှာ လက်ရှိချန်ပီယံ လီဗာပူးတို့ အာရုံစူးစိုက်ပြီး ပေါက်ကွဲပြမယ့်အပြင် ပြန်လည်အနိုင်ရယူလိုစိတ်က ပိုမိုပြင်းထန်နေကြပါတယ်။ 

အင်္ဂလန်နဲ့ လီဗာပူးကွင်းလယ်ကစားသမားဟောင်းဒန်နီမာဖီက “နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အဖြစ်  အဲဗာတန်ပရိသတ်တွေဟာ ဒီပွဲကို အနိုင်ရနိုင်တယ်လို့ မျှော်လင့်ချက်နဲ့ စောင့်ကြည့်ကြမှာပါ။ ဒါပေမယ့် ဘောလုံးမှာ ဂရုစိုက်နိုင်ပါမှ တော်ကာကျပါ့မယ်။ အထူးသဖြင့် လီဗာပူးလိုအရမ်းကောင်းတဲ့အသင်းနဲ့ တွေ့ချိန်မှာပါ။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း အမြဲတမ်းပြန်လည်နိုးထခဲ့ကြတာချည်းပါပဲ။ ချန်ပီယံလိဂ်ကနေ ထွက်ရမှုကစပြီး ပြန်နိုးထခဲ့ကြတယ်။ အဲဗာတန်နဲ့အရှုံးကလည်း နိုးထလာနိုင်ပါတယ်။ တကယ်လို့ ကျွန်တော်သာ အဲဗာတန်အ၀တ်အစားလဲခန်းထဲမှာရှိမယ်ဆိုရင် ကျားနာခဲ ခဲလာနိုင်မှုအပေါ် သတိပေးမှာပါ။ ပြီးတော့ မာနေး၊ ဟန်ဒါဆင်နဲ့ အယ်ကန်တာရာတို့လည်းပြန်ပါလာကြပါမယ်”လို့ ပြောကြားသွားပါတယ်။ 

ဒါ့အပြင် အဲဗာတန်တို့ ပရိသတ်မပါပါဘူး။ ဒါဟာဧည့်သည်လီဗာပူးအတွက် အခွင့်အရေးပိုရနိုင်စေတဲ့ အချက်ပဲဖြစ်ပါတယ်။     (SO)






အခြားဆက်စပ်သတင်းများ