နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီပေးနှင့် ဝင်နယ်လ်ဒမ်ကို ဇန်နဝါရီအပြောင်းအရွှေ့တွင်ခေါ်ယူရန် ကြိုးပမ်းမည်ဟု ရော်နယ်ကိုးမန်း ပြော

အောက်တိုဘာ   ၁၅


လိုင်ယွန်အသင်းမှ ဒီပေးနှင့် လီဗာပူးအသင်းမှ ဝင်နယ်လ်ဒန်တို့ကို လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောကြားခဲ့သည်။

“လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဒုတိယမြောက် နယ်သာလန်ကစားသမားကို ဘာစီလိုနာ အသင်းမှာ မြင်တွေ့ခွင့်ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီပေးကိုခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်သလိုဝင်နယ်လ်ဒန်ကိုလည်းခေါ်ယူဖို့ ကြိုးစားသွားမှာပါ”ဟု ရော်နယ်ကိုးမန်းက ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းအနေဖြင့် ဒီပေးကိုခေါ်ယူနိုင်ရေးအတွက် ငွေကြေးသုံးစွဲရမည်ဖြစ်သော်လည်းလီဗာပူးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဝင်နယ်လ်ဒန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည်။

လီဗာပူးအသင်းက ဝင်နယ်လ်ဒန်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနေဆဲဖြစ်သော်လည်း လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်မီ ဆွေးနွေးမှုကို အပြီးသတ်မပြုလုပ်နိုင်ပါက အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ထွက်ခွာခွင့်ပြုရမည်ဖြစ်သည်။

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်း အဓိကခေါ်ယူလိုနေသည့် ဒီပေးသည် လိုင်ယွန်အသင်းမှ ထွက်ခွာရန် တောင်းဆိုမှုများပြုလုပ်ထားသောကြောင့် ဘာစီလိုနာအနေဖြင့် လိုင်ယွန်အသင်းမှ သတ်မှတ် ထားသည့် ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ပါက ခေါ်ယူနိုင်မည်ဖြစ်သည်။

 (သူရိန်)






အခြားဆက်စပ်သတင်းများ