နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ပွဲတွေကို ရုပ်သံကနေမပြဘဲ Pay Perview စနစ်နဲ့ ပြသမယ်

အောက်တိုဘာ  ၁၅


ပရီးမီးယားလိဂ်ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်မပြသတဲ့ပွဲတွေကို Pay Perview စနစ်နဲ့သာ ပြသသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီစနစ်အရဆိုရင် မူလဝယ်ယူထားတဲ့ လစဉ်ကြေးတွေနဲ့ မသက်ဆိုင်ဘဲ တစ်ပွဲကြည့်ချင်ရင် ၁၅ ပေါင်နှုန်း ထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီစနစ်ကို ပရိသတ်တော်တော်များများကမကြိုက်နှစ်သက်ကြပါဘူး။ ဒါကြောင့်လည်း ဝေဖန်မှုခံနေကြရပါတယ်။ လိဂ်တာဝန်ရှိသူတွေဟာ အသင်းရဲ့ မန်နေဂျာတွေကိုလည်း ဒီစနစ်နဲ့ပတ်သက်ပြီး လုံးဝစကားမပြောရဘူးလို့ တားမြစ်ထားပါတယ်။ ဒီ Pay Perview စနစ်နဲ့ ပထမဆုံးပြသမယ့်ပွဲက ချဲလ်ဆီးနဲ့ ဆောက်သမ်တန်ပွဲပဲဖြစ်ပါတယ်။ နောက် မန်ယူနဲ့ နယူးကာဆယ်ပွဲ၊ လီဗာပူးနဲ့ ရှက်ဖီးပွဲတွေပဲဖြစ်ပါတယ်။ လိဂ်အဖွဲ့ချုပ်ကတော့ ဒီ Pay Perview စနစ်နဲ့ ပတ်သက်ပြီး မီဒီယာတွေ က မေးလာခဲ့ရင် ဘာအဖြေမှမပေးဖို့ အသင်းမန်နေဂျာ ၂၀ လုံးကို သတိပေးစာတွေထုတ်ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ထုတ်လွှင့်ခွင့်ယူထားတဲ့ ရုပ်သံတွေကလည်း ဘောလုံးပွဲစဉ် ၃၈၀ လုံးကို တိုက်ရိုက်လွှင့်ပေးမှာမဟုတ်ကြောင်း ကြိုတင်ကြေညာထားပြီးဖြစ်ပါတယ်။ လိုက်ကြည့်ခွင့်ရမယ့် ပွဲပေါင်း ၂၂၀ ပဲ ကြည့်ခွင့်ရမှာပါ။ ကျန်ပွဲတွေကိုတော့ Pay Perview ဒါမှမဟုတ် သက်ဆိုင်ရာကလပ်တွေရဲ့ တီဗီချန်နယ်မှာအခပေးကြည့်ရှုခွင့်ရကြမှာပဲဖြစ်ပါတယ်။       (SO)






အခြားဆက်စပ်သတင်းများ