နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိန့်ပီတာစဘတ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ စတီဖာနို့စ် နုတ်ထွက်

အောက်တိုဘာ  ၁၄


ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် စိန့်ပီတာစဘတ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ ဂရိတင်းနစ် ကစားသမား စတီဖာနို့စ်နုတ်ထွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် စတီဖာနို့စ်သည် ဒဏ်ရာပြဿနာ ရှိနေသည့်အတွက် ပြိုင်ပွဲဝင်မည့်စာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

စတီဖာနို့စ်သည် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကမ္ဘာ့အဆင့် ၁ ကစားသမား ဂျိုကိုဗစ်နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ယင်းပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး စိန့်ပီတာစဘတ်အိုးပင်း တင်းနစ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်သည့် ဆေးကုသမှုများပြုလုပ်ခဲ့သော်လည်း ဒဏ်ရာမှာသက်သာလာခြင်း မရှိသောကြောင့် ပြိုင်ပွဲမှနုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စတီဖာနို့စ်သည် စိန့်ပီတာစဘတ်အိုးပင်း တင်းနစ်ပြိုင်ပွဲနှင့်လွဲချော်ခဲ့သော်လည်း ဗီယင်နာ၌ ကျင်းပမည့် ပြိုင်ပွဲအတွက် ပြင်ဆင်နေပြီး ယင်းပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

(သူရိန်)






အခြားဆက်စပ်သတင်းများ