နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခံချင်ရင် ကမ္ဘာ့ဖလားရဖို့လိုမယ်ထင်

အောက်တိုဘာ ၁၄


ဘောလုံးလောကမှာ ပီလီ၊ ရော်နယ်ဒို(ဘရာဇီး)၊ မာရာဒိုနာတို့လို ကမ္ဘာ့ဖလားရယူပိုင်ဆိုင်ခဲ့ပြီး ထာဝရ အကောင်းဆုံး ဘောလုံးသမားတွေအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ လက်ရှိပေါ်တူကီအသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းမှာ ၂၀၀၃ က စတင်ကစားခဲ့ပြီးအသင်းကို ၁၇ နှစ်အတွင်း ယူရို(၂၀၁၆) ဖလား၊ နေးရှင်းလိဂ်ဖလားတွေကို ရယူပေးထားသူပါ။ ဒါပေမယ့် ရော်နယ်ဒိုက သူချစ်တဲ့ပရိသတ်တွေမကြားချင်သေးတဲ့ စကားပြောထွက်လာပါတယ်။ ဒါကတော့ ဒီ ၂၀၂၂ ကမ္ဘာ့ဖလားဟာ သူ့အတွက်နောက်ဆုံးနိုင်ငံ တကာပွဲစဉ်တစ်ခုဖြစ်လာမယ်လို့ ထုတ်ဖော်ပြောတဲ့စကားပါဘဲ။ အဲဒီတော့ ရော်နယ်ဒို ၂၀၂၂ မတိုင်ခင်မှာ ပေါ်တူကီ ကမ္ဘာ့ဖလားရဖို့နဲ့ အီရန်ကစားသမားဟောင်း အလီဒါယေးရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ ဂိုး ၈ ဂိုးရယူပေးဖို့ လိုနေပါသေးတယ်။ လိုနေတဲ့ ၈ ဂိုးသာသွင်းယူနိုင်ခဲ့ရင် ကမ္ဘာ့နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသာ ပေါ်တူကီရခဲ့ရင်တော့ ရော်နယ်ဒိုဟာ  ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ရော်နယ်ဒိုက နိုင်ငံအသင်းကနေ အနားယူမဲ့အချိန်ကို ကြေညာလိုက်တာတော့ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ