နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန်ဖိုးကျနေပေမယ့် ဝိတ်ကတော့မကျတဲ့ အီဒင်ဟာဇက်

အောက်တိုဘာ ၁၄


အသက် ၂၉ နှစ်အရွယ်ရောက်နေတဲ့ အီဒင်ဟာဇက်ဟာ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ကာလက ကောင်းမွန်တဲ့ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် စုစုပေါင်း ပြောင်းရွှေ့ကြေးပေါင် သန်း ၁၃၀ နဲ့ ရီးရဲလ်အသင်း ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၂၀၁၉−၂၀ ရာသီက  စပိန်မြေကိုရောက်ရှိခဲ့တဲ့ ဟာဇက်ဟာ ရီးရဲလ်အသင်းမှာ ထင်တိုင်းမပေါက်ခဲ့ပဲ ရုန်းကန်နေခဲ့ရပါတယ်။ ရီးရဲလ်ကိုရောက်ပြီး ဟာဇက်ဟာဝိတ်တွေတက်ကာ အဝလွန်နေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိမှာလည်း ဒဏ်ရာရနေတာကြောင့် ၂၀၂၀−၂၀၂၁ ရာသီအဖွင့်ပွဲတွေကို လွဲချော်ခဲ့ ရပြီး နိုင်ငံအသင်းရဲ့ပွဲတွေမှာလဲ မပါဝင်နိုင်ခဲ့ပါဘူး။ ဟာဇက်ဟာ ရီးရဲလ်ရောက်ပြီး ၂၀၁၉−၂၀၂၀ ရာသီမှာ ၅၇ ပွဲအနက် ၂၂ ပွဲသာ ပါဝင်ကစားနိုင်ပြီး ၃၅ ပွဲက ဒဏ်ရာကြောင့် မကစားခဲ့ရပါဘူး။ ပါဝင်ကစားခဲ့တဲ့ ၂၂ ပွဲမှာလည်း ၁ ဂိုးသာရခဲ့တာကြောင့် ဟာဇက်ရဲ့ဒဏ်ရာပြဿနာ၊ အဝလွန်ပြဿနာတွေကြောင့် ရီးရဲလ်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုခံနေရပါတယ်။ ဟာဇက်တစ်ယောက် ဝိတ်လျှော့ချနေရာမှ အသေးစားဒဏ်ရာပါရရှိကာ အနားယူနေရပါတယ်။ ချဲလ်ဆီးမှာ ကစားစဉ်က ဟာဇက်ရဲ့တန်ဖိုးက ပြောင်းရွှေ့ကြေးယူရိုသန်း ၁၅၀ သတ်မှတ်ခံခဲ့ရပေမယ့် တစ်နှစ်ကျော်ကျော်မှာဘဲ ယူရိုသန်း ၉၀ သာ သတ်မှတ်ခံရပါတော့တယ်။ ဟာဇက်တစ်ယောက် ချဲလ်ဆီးတုန်းက ခြေစွမ်းမျိုးပြန်ရနိုင်ပါ့မလား စိုးရိမ်စရာ ပါ။ ခုတော့ ပြောင်းရွှေ့စျေးတက်ဖို့ မသေချာပေမယ့် ဝိတ်တက်နေတာကတော့ သေချာပါတယ်။            (SO)






အခြားဆက်စပ်သတင်းများ