နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူရဲ့ စွမ်းဆောင်မှုမျိုးစွမ်းဆောင်ပြခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ

အောက်တိုဘာ ၁၃


တနင်္ဂနွေညက ကစားခဲ့ကြတဲ့ နေးရှင်းလိဂ်ပွဲစဉ် အင်္ဂလန်နဲ့ဘယ်လ်ဂျီယံတို့ပွဲမှာ အင်္ဂလန်က ၂−၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ပါဝင်ကစားခဲ့သလို ဘယ်လ်ဂျီယံမှာလဲ  အကောင်းဆုံးကွင်းလယ်ကစားသမား ဒီဘရိုင်းပါဝင်ခဲ့ပါတယ်။ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ဟာ  အသက် ၂၁ နှစ်သာရှိပေမယ့် အင်္ဂလန်ရဲ့ကွင်းလယ်ကို အဓိကထိန်းချုပ်ကစားနိုင်မယ့်သူအဖြစ် ထင်ကြေးအပေးခံရသူပါ။ မေဆန်မောင့်နဲ့ ဒီဘရိုင်းတို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲမှာ မေဆန်မောင့်က အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ဂိုးကြောင့်ပဲ အင်္ဂလန်တို့ ဘယ်လ်ဂျီယံကိုအနိုင်ရခဲ့တာပါ။ အဲဒီပွဲစဉ်မှာ ပွဲပြီးသုံးသပ်သူဖြစ်တဲ့ ရက်နပ်က မေဆန်မောင့်ဆီက ဒီဘရိုင်းလိုပေးပို့မှုတွေမြင်တွေ့ရကြောင်း၊ မေဆန်မောင့်ဟာ ဒီဘရိုင်းလိုစွမ်းဆောင်ရည်မြင့်တဲ့ ကစားသမားဖြစ်ကြောင်း သုံးသပ်ပြခဲ့ပါ တယ်။ ရက်နပ်က “ကျွန်တော်တို့ဟာ ဒီဘရိုင်းရဲ့ပေးပို့မှုကိုမြင်တွေ့ခဲ့ရပြီး အတော်ကျေနပ်ခဲ့ရပါတယ်။ ပြီးတော့ နေရာလွတ်တွေကိုလည်း ရှာဖွေပေးနိုင်သူပါ။ မေဆန်မောင့်အကြောင်းပြောရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ ဒီညမှာကစားခဲ့တဲ့ပုံစံအတိုင်း သူကစားပြတာကိုထပ်ပြီး မြင်ချင်ပါတယ်။ သူ့ရဲ့ပေးပို့မှု တွေဟာ ဒီဘရိုင်းလိုပဲ အတော်လေးကိုကောင်းမွန်ပါတယ်။ သူဟာ ကျွန်တော်တို့အတွက် ဒီထက်ပိုပြီး စွမ်းဆောင်ပေးနိုင်တာကိုလည်း ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို မမြင်ရသေးပါဘူး”လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ