နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Shriners Hospitals For Children Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် စကော့တလန် ဂေါက်သီးရိုက်ကစားသမား မာတင်လိုက် ချန်ပီယံဆုဆွတ်ခူး

အောက်တိုဘာ  ၁၃


အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် Shriners Hospital For Children Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် စကော့တလန် ဂေါက်သီးရိုက်ကစားသမား မာတင်လိုက်က ချန်ပီယံဆုကိုဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

မာတင်လိုက်အနေဖြင့် အဆိုပါပြိုင်ပွဲတွင် ပြတ်သားသည့်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းမဟုတ်ဘဲ အမေရိကန် ဂေါက်သီးရိုက်ကစားသမားများဖြစ်ကြသည့် ဩစတင်းကွတ်ခ်၊ မက်သရူးတို့နှင့် Play-Off ကစားပြီးမှ ချန်ပီယံ ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

“အလုပ်ကြိုးစားခဲ့တဲ့ရလဒ်ကို ခံစားခွင့်ရခဲ့တယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။ ဒီပြိုင်ပွဲမှာ ကစားနိုင် ခဲ့တဲ့လက်စွမ်းကို အားရကျေနပ်မှုရှိပါတယ်။ ဒီလက်စွမ်းမျိုး ထပ်ထိန်းနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ အထူးသဖြင့် နောက်ဆုံးနေ့ နောက်ဆုံးကျင်းမှာ ရိုက်ပြနိုင်ခဲ့တဲ့ ရိုက်ချက်မျိုးကို အားရမိပါတယ်။ ကျွန်တော့် ကစားပုံတွေက အရင်တုန်းကထက် ကောင်းမွန်လာတယ်လို့ ခံစားရပါတယ်”ဟု မာတင်လိုက်က ပြောကြားခဲ့ သည်။

အဆိုပါပြိုင်ပွဲတွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် အသက် ၂၁ နှစ်အရွယ်ရှိ မက်သရူးသည် ၂၀၀၁ ခုနှစ် နောက်ပိုင်းပြိုင်ပွဲများတွင် ချန်ပီယံကို စိန်ခေါ်နိုင်ခဲ့သည့် လူငယ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ