နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟိုခံစစ်ကို ဖြည့်တင်းဖို့ မန်ယူတို့ပြင်သစ်ကစားသမား ၂ ဦးကို ချိန်ရွယ်

အောက်တိုဘာ ၁၃


မန်ယူအသင်းဟာ သူတို့ရဲ့ဗဟိုနောက်ခံလူနေရာအစားထိုးဖို့အတွက် ရှာဖွေနေရာမှ ခုဆိုရင်ရီးရဲလ် အသင်းရဲ့ ဗာရာနီကို လာမယ့်နွေရာသီမှာခေါ်ယူနိုင်ဖို့ကြိုးစားနေကြောင်း စပိန်သတင်းစာ Sport က ဆိုထားပါတယ်။ ပြင်သစ်နောက်ခံလူ ဗာရာနီဟာ အပြောင်းအရွှေ့စျေးကွက် ပိတ်သွားတာကြောင့် ရီးရဲလ်မှာပဲ သူ့ရဲ့ ၁၀ ရာသီမြောက်ကာလဆက်ရှိနေဦးမှာပါ။ ပြင်သစ်ကလပ် လန်းစ်အသင်းကနေ  ယူ ၁၀ သန်းနဲ့ ရီးရဲလ်ထံကိုရောက်ရှိလာပြီး ယခုပြင်သစ်နောက်ခံလူရဲ့ပေါက်စျေးက ယူရို သန်း ၇၀ ရှိနေကာ ရီးရဲလ်နဲ့ လာမယ့် ၂၀၂၂ နွေရာသီကုန်ထိ စာချုပ်ကရှိနေဦးမှာပါ။ ဗာရာနီဟာ အသက်ငယ်ငယ်နဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့ပြီး ထိပ်တန်းဆုတံဆိပ်တွေပိုင်ဆိုင်ထားသူပါ။ ယခုတော့ အသက် ၂၇ နှစ် ရှိပါပြီ။ ဗာရာနီဟာ ရီးရဲလ်နဲ့စာချုပ်သစ်မချုပ်သေးပေမယ့် စပိန်ဥပဒေအရ စာချုပ်လျော်ကြေးပေးကာ ခေါ်ချင်တယ်ဆိုရင် ကစားသမားနဲ့သဘောတူညီမှုသာလိုတယ်လို့ ဖော်ပြထားပါတယ်။ မန်ယူတို့ဟာ ပြင်သစ်သားဗာရာနီအပြင် အခြားပြင်သစ်သားတစ်ဦးဖြစ်တဲ့ လူငယ်ကစားသမား ဒါယောက်အူပါမီကန်နိုကို ခေါ်ယူဖို့လဲ ချိတ်ဆက်ထားပါတယ်။ မီကန်နိုဟာ အာတီလိုက်ဇစ်နဲ့ ၂၀၂၃ အထိစာချုပ် ချုပ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၆၀ ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လာမယ့်နွေရာသီဆိုရင်  စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၄၀ ထိကျဆင်းသွားနိုင်ပါတယ်။ မီကန်နိုကို မန်ယူအပြင် အက်တီကို အသင်းကလည်း ချိတ်ဆက်သွားမယ်လို့ သိရပါတယ်။                     (SO)






အခြားဆက်စပ်သတင်းများ