နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆယ်ကျော်သက်ဘဝမှာပင် အံ့အားသင့်ဖွယ်ခြေစွမ်းတွေပြနေတဲ့ ဟာလန်း

အောက်တိုဘာ ၁၃


၂၀၂၀ ပြည့်နှစ် နေးရှင်းလိဂ်ပွဲမှာ နော်ဝေလူငယ်တိုက်စ်မှူးလေးအဖြစ် ပါဝင်ကစားပေးနေတဲ့ ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ ဒီရာသီဒေါ့မွန်မှာ ၅ ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်းပေးထားသူပါ။ နော်ဝေးအသင်းဟာ နေးရှင်းလိဂ်ရဲ့ပြိုင်ပွဲအစမှာ ရလဒ်ဆိုးရွားခဲ့ပါတယ်။ ဟာလန်း လည်း ပထမ ၂ ပွဲမှာ ခြေစွမ်းပြဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့်နော်ဝေတို့ အိမ်ကွင်းမှာ ရိုမေးနီးယားအသင်းကို ဂိုးပြတ်နဲ့အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လူငယ်တိုက်စစ်မှူး ဟာလန်းက ခြေစွမ်းကောင်းတွေပြပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဟက်ထရစ်ဟာ နိုင်ငံအသင်းအတွက် ပထမဆုံးဟက်ထရစ်ဖြစ်ပါတယ်။ ရိုမေးနီးယားကို တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး ဟာလန်းက တိုက်စစ်ကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ နော်ဝေအတွက် ၄ ပွဲကစားပြီး ၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဟာလန်းဟာ သူ့ရဲ့ခြေစွမ်းတွေပြသနေမှုကို ဆက်လက်ထိန်းသိမ်းထားရင်း ပရိသတ်တွေရဲ့စိတ်တွေကို ဖမ်းစားနိုင်တဲ့သူပါ။ ဟာလန်းရဲ့ပိုင်နိုင်တဲ့အဆုံးသတ်မှုတွေနဲ့ ဂိုးတွေသွင်းယူနိုင်တဲ့ ခြေစွမ်းတွေပြသနေမှုဟာ ဒေါ့မွန်အသင်း မှာ ပိုမိုတောက်ပလာပြီး လက်ရွေးစင်အသင်းမှာ ပါဝင်ကစားပေးခွင့်တွေရခဲ့တာပဲဖြစ်ပါတယ်။ ဟာလန်းရဲ့ ခြေစွမ်းဟာ ကမ္ဘာကျော်နိုင်တဲ့ခြေစွမ်းမျိုးဖြစ်တဲ့လျင်မြန်သွက်လက်မှု အဆုံးသတ်ပိုင်နိုင်မှု၊ နေရာယူမှန်ကန်မှုတွေ ပိုင်ဆိုင်ထားတဲ့ခြေစွမ်းမျိုးဖြစ်တယ်။    (SO)






အခြားဆက်စပ်သတင်းများ