နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရော်နယ်ဒိုက မက်ဆီထက် အထင်ကြီးစရာပိုကောင်းကြောင်း ကားဆီးလက်စ်ပြော

အောက်တိုဘာ ၁၂


အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ စပိန်နဲ့ရီးရဲလ်တို့ရဲ့ ဂိုးသမားဟောင်းကြီး ကားဆီးလက်စ်တစ်ယောက်  ရော်နယ်ဒိုနဲ့ မက်ဆီတို့ ဘယ်သူပိုကောင်းလဲဆိုတဲ့ ီebate ထဲကို ပါဝင်လာခဲ့ပါတယ်။ ကားဆီးလက်စ်ရဲ့ အချက်ကျကျထောက်ပြပြောဆိုမှုတွေကို Mirror သတင်းစာက ဖော်ပြပေးခဲ့ပါတယ်။ “ရော်နယ်ဒိုက သူအကောင်းဆုံးဖြစ်ရမယ်ဆို တဲ့ကြီးမားတဲ့ရည်မှန်းချက်စိတ်အမြဲထားသူပါ။ ဒါကို သူငယ်ငယ်လေးထဲက ရည်မှန်းလာခဲ့တာပါ။ သူလိုချင်တာတွေရထားပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ တကယ်လို့ ကျွန်တော်က သူနဲ့မက်ဆီကို ချိန်ထိုးပြီးပြောရမယ်ဆိုရင်တော့ ရော်နယ်ဒိုလုပ်ပြထားတာတွေက ပိုပြီးအထင်ကြီးစရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မက်ဆီက ပါရမီရှင်ပဲဆိုတာ အားလုံးသိထား ပြီးသားပဲလေ။ ဒါပေမယ့် ရော်နယ်ဒိုက သူအကောင်းဆုံးဖြစ်ဖို့အတွက် အလုပ်ပြင်းပြင်းထန်ထန်ကြိုးစား ခဲ့ပြီး ဖန်တီးယူထားခဲ့ရတာမို့လို့ပါပဲ။ ရော်နယ်ဒိုအကြောင်း မသိသူတွေအတွက်တော့ သူက မြောက်ကြွကြွနိုင်ပြီး စိတ်ကြီးဝင်သူ၊ သွေးကြီးနေတဲ့သူလို့ မြင်ကောင်းမြင်နိုင်တာပေါ့၊ ဒါပေမယ့် သူက အဲဒါနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်”လို့ ကားဆီးလက်စ်က ပြောဆိုခဲ့တာပါ။ ကားဆီးလက်စ်ဟာ ရော်နယ်ဒိုနဲ့ အချိန်တော်တော်များများ ရီးရဲလ်မှာတွဲကစားဘူးခဲ့သူပါ။ ၂၀၁၅ နွေရာသီကျမှ ပေါ်တိုအသင်းထံ  အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တဲ့သူပါ။   (SO)






အခြားဆက်စပ်သတင်းများ