နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်တိုက်စစ်တွေကို ပွဲထုတ်ရဲတဲ့ စပိန်နည်းပြ လူးဝစ်အန်းနရစ် ကံကောင်းလို့ အနိုင်ရ

အောက်တိုဘာ ၁၂


စပိန်နည်းပြကြီးလူးဝစ်အန်းနရစ်ဟာ ဆွစ်ဇာလန်နဲ့ နေးရှင်းလိဂ်ပွဲမှာ လူငယ်တိုက်စစ်မှူးတွေကိုသာ ဦးစားပေးကစားစေခဲ့ပါတယ်။ တိုက်စစ်မှူးတွေရဲ့ ပျမ်းမျှအသက်က ၂၀ ဒသမ ၅ နှစ်ပဲရှိပါတယ်။ အဲဒီပွဲမှာ  အန်ဆုဖာတီကို ပွဲအစအဆုံးကစားစေပေမယ့် တကယ်တမ်းခြေစွမ်းပြသွားသူက တိုက်စစ်မှူးလေး မီခေးလ်အိုယာဇာဘယ်လ်ဖြစ်ပါတယ်။ လူငယ်တွေနဲ့အတူ စပိန်သဘာကြီး ကပ္ပတိန်ရာမို့စ်၊ ဂိုးဒီဂီယာ၊ ဂျီးဆပ်နာဗက်စ်၊ ဆာဂျီယိုဘက်စကွက်စ်တို့ကို အသုံးပြုခဲ့ပါတယ်။ တိုက်စစ်မှာ အိုယာဇာဘယ်လ်ကို အထောင်ထားပြီးနောက်မှာ အန်ဆုဖာတီ၊ အာတီလိုင်ဇင်၊ ဒန်နီယယ်အိုမိုနဲ့ ဖာရန်တောရက်စ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။ စပိန်တို့ ၁၃ မိနစ်မှာ အန်ဆုဖာတီပင်နယ်တီဧရိယာထဲ တွန်းလှဲခံရပေမယ့် ပင်နယ်တီမရခဲ့ပါဘူး။ ခဏအကြာမှာတော့ ဂိုးလွန်ဘောကို ဆွစ်ဂိုးသမားက ကန်ပို့ခဲ့ရာ ကွင်းလယ်ကစား သမား ဂရင်းနစ်ရှာခါဟန်ချက်ပျက်သွားရာမှတစ်ဆင့် မီခေးမီရီနိုကပြေးဝင်ပြီး မီခေးလ်အို ယာဇာဘယ်လ်ထံ  ထိုးပေးလိုက်ရာ ၂၃ နှစ်သားက ပတ်ကန်ပြီး အဆုံးသတ်ဂိုးသွင်းခဲ့ပါတယ်။ မိနစ် ၂၀ မှာ ဖာရန်တောရက်စ် အပိုင်ခေါင်းတိုက်ဘောကို ဂိုးသမားကာကွယ်လိုက်နိုင်ပါတယ်။ စပိန်တို့ ဒီပွဲမှာ ဆွစ်ဘက်ကို ၁၂ ကြိမ်ဂိုး ရဖို့ကြိုးစားပေမယ့် ၂ ကြိမ်သာဂိုးပေါက်တည့်ပြီး ၁ ဂိုးသာရခဲ့တာပါ။ ပေးပို့မှုစုစုပေါင်း ၅၈၈ ကြိမ်လုပ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းနဲ့အသာစီးရခဲ့တာပါ။ စပိန်တို့ ဒီပွဲအနိုင်ကြောင့် နေးရှင်းလိဂ်အုပ်စု ၄ မှာ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ်နဲ့ ဒုတိယနေရာက ဂျာမဏီကို ၂ မှတ်အသာစီး ရယူထားပါတယ်။        (SO)






အခြားဆက်စပ်သတင်းများ