နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမား ဒီဘရိုင်း မန်စီးတီးအသင်းနှင့် ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်

အောက်တိုဘာ   ၁၀


မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းသည် အသင်းနှင့် ၂ နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရသည့် ပြစ်ဒဏ်နှင့် ရင်ဆိုင်ခဲ့ရစဉ်က ဒီဘရိုင်းသည် အသင်း၌ စာချုပ်သက်တမ်းကုန်ဆုံးသည်ထိ ကစားသွားမည်ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးပါက အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော် မန်စီးတီးအသင်းက အယူခံအောင်မြင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိခဲ့ပြီး ဒီဘရိုင်း ကလည်း ယင်း၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ကာ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ပြီး ယင်းစာချုပ်တွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၃၀၀,၀၀၀ ရရှိမည်ဖြစ်သည်။

ဒီဘရိုင်းသည် မန်စီးတီးအသင်းနှင့် ယခင်ချုပ်ဆိုထားသည့် စာချုပ်အရ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၈၀,၀၀၀ ရရှိနေပြီး ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

မန်စီးတီးအသင်းက ယင်းကို စာချုပ်သစ်ချုပ်ဆိုရန် စည်းရုံးခဲ့ပြီးနောက် တစ်ပတ်လုပ်ခလစာစတာလင်ပေါင် ၃၀၀,၀၀၀ ဖြင့် ၂၀၂၅ ခုနှစ်ထိ စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။             (သူရိန်)






အခြားဆက်စပ်သတင်းများ