နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသမားအခက်အခဲရှိနေတဲ့ လီဗာပူးတို့ လူငယ်ဂိုးသမားလေးကို ခေါ်ယူလိုက်ပြီ

အောက်တိုဘာ  ၁၀


လက်ရှိလီဗာပူးအသင်းရဲ့ ဂိုးသမားကြီးအလီဆွန်ဒဏ်ရာရနေတာကြောင့် အရန်ဂိုးသမားကိုဗီလာနဲ့ပွဲမှာ ပါဝင်ကစားစေရာ အမှားများစွာနဲ့ အရှုံးကြီးရှုံးခဲ့ရပါတယ်။ ဒါကြောင့် လီဗာပူးတို့ ဂိုးသမားအသစ်တစ်ယောက် အမြန်ဆုံးရှာကြဖို့ အင်္ဂလန်ဝါရင့်နည်းပြကြီး ဟယ်ရီရက်နက်ဒ်က အကြံပေးထားပါတယ်။ ခုတော့ လီဗာပူးတို့ ဂိုးသမားအသစ်တစ်ယောက်ရရှိခဲ့ပါပြီ။ သူကတော့ ဘရာဇီးကလပ် ဖလူမီနက်စ်အသင်းက အသက် ၁၇ နှစ် အရွယ် ဘရာဇီးဂိုးသမား မာဆယ်လိုပီတာလူးဂါကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ စီနီယာအသင်းနဲ့ လေ့ကျင့်ခန်း ဆင်းနေပြီး အကယ်ဒမီအသင်းနဲ့ ပထမဆုံးပွဲထွက်ရမှာပါ။ ပီတာလူးဂါကို လီဗာပူးတို့ ပေါင် ၁ ဒသမ ၈ သန်းထိ အကုန်အကျခံခေါ်ယူခဲ့တာပါ။ 

လီဗာပူးရဲ့ ဂိုးနည်းပြချုပ် အက်တာဘတ်က “ကမ္ဘာ့ဖလားမှာ သူ့ကို ပထမဆုံးမြင်ခဲ့တာပါ။ သူဟာ တစ်သင်းလုံးမှာ အသက်အငယ်ဆုံးပါ။ သူဟာ ဖလူမီနက်စ်အသင်းကဖြစ်ပြီး ကျွန်တော်တို့ ဂိုးနည်းပြတွေ၊ မန်နေဂျာ ကလော့တို့ တိုင်ပင်ကြပြီး မန်နေဂျာဂျူလီယန်နဲ့ စကားပြောခဲ့ကြပါတယ်။ ဂျူလီယန်ကလည်း အကောင်းမြင်စရာပါလို့ ပြောတယ်။ သူကဘရာဇီးကလပ်မှာအရန်အသင်းအတွက် ကစားပေးပါတယ်။ သူက ၁၆ နှစ်ပဲရှိသေးတာလေ။ ဒီလောက်အသက်ငယ်ငယ်နဲ့ အားလုံးရဲ့ယုံကြည်မှုကိုရရှိနေသူပါ။ ခုတော့ သူ လီဗာပူးကိုရောက်လာပါပြီ။ သူပိုပြီးတိုးတက်လာမှာပါ။ ကောင်လေးကငယ်သေးတော့ ဖိအားတွေမရှိပါဘူး။ သူ့ကို အလုပ်တွေကြိုးစားလုပ်စေမှာပါ။ ပထမအနေနနဲ့ သူ့ကို အထိုင်ကျအောင်လုပ်ပေးမယ်။ နောက် လျင်မြန်မှုနဲ့ အင်္ဂလန်ဘောလုံးလောကနဲ့ပတ်သက်တာတွေ၊ ဘရာဇီးနဲ့ ခြားနားတာတွေသင်ပေးမယ်။ အချိန်ကြာလာရင် ဒီကအခြေအနေနဲ့ အံဝင်လာမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။ (SO)






အခြားဆက်စပ်သတင်းများ