နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသမား အလီဆွန် ဒဏ်ရာရခဲ့တာကြောင့် လီဗာပူးတို့ အခက်ပွေ အရှက်တွေရခဲ့ရ

အောက်တိုဘာ  ၉


လီဗာပူးအသင်းကို ဂိုးသမားအလီဆွန် ၂၀၁၈ ခုနှစ် နွေရာသီက ပြောင်းရွှေ့ရောက်ရှိလာပြီး လီဗာပူးရဲ့အဓိက ဂိုးသမားအဖြစ် ပွဲပေါင်းများစွာ ပါဝင်ကစားခဲ့သူပါ။ အလီဆွန်ဟာ ပခုံးဒဏ်ရာကြောင့် အနည်းဆုံး ၁ လခွဲ ခန့် နားရဖွယ်ရှိနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။  အလီဆွန်ဟာ ၇-၂ ရလဒ်နဲ့ ရှုံးခဲ့တဲ့ အက်စ်ထွန်ဗီလာနဲ့ပွဲကို ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် အရန်ဂိုးသမားကို ဝင်ရောက်ကစားစေခဲ့ရာ အမှားများစွာလုပ်ခဲ့ပြီး လီဗာပူးအသင်းရဲ့ ၁၉၆၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၇ ဂိုးအသွင်းခံရမှုနဲ့ ကြုံခဲ့ရပါတယ်။ 

လီဗာပူးနည်းပြ ယာဂင်ကလော့က “အလီဆွန်ဟာ အဲဗာတန်နဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်နိုင်မှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ သူ့ရဲ့ဒဏ်ရာကို အသေးစိတ်စမ်းသပ်စစ်ဆေးနေရပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ဂိုးသမားအလီဆွန် ဒဏ်ရာကြောင့် အနားယူဖွယ်ရှိနေတာဟာ လီဗာပူးအတွက်တော့ ထိုးနှက်ချက်များစွာ ဖြစ်စေခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြကြပါတယ်။ အလီဆွန်ဟာ လီဗာပူးရဲ့ အဲဗာတန်၊ ဝက်စ်ဟမ်း၊ မန်စီးတီးအသင်းတို့နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွေအပြင် ချန်ပီယံလိဂ်ပွဲစဉ်တွေဖြစ်တဲ့ အေဂျက်ဇ်၊ အတ္တလန်တာတို့နဲ့ ကစားရမယ့်ပွဲစဉ်တွေကိုပါ လွဲချော်မှာဖြစ်တာကြောင့် ပွဲစဉ်ပေါင်း ၇ ပွဲတိတိ လွဲချော်ဖွယ် ရှိပါတယ်။ အလီဆွန် ဒဏ်ရာရတာဟာ လီဗာပူးအတွက်တော့ အရန်ဂိုးသမားကောင်းကောင်းရှာဖွေရမဲ့ အခြေအနေပဲဖြစ်ပါတယ်။            (SO)






အခြားဆက်စပ်သတင်းများ