နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူနည်းပြဖြစ်ဖို့ ပိုချက်တီနို ရေပန်းစားလေ ဆိုးလ်ရှားအနာဂတ် မရေရာလေ

အောက်တိုဘာ  ၉


လက်ရှိ အင်္ဂလန်ဘွတ်ကီဒိုင်တွေဟာ မန်ယူအသင်းနည်းပြသစ်အဖြစ် ပိုချက်တီနိုဖြစ်လာမယ်ဆိုပြီး လောင်းကြေးတွေဖွင့်ခဲ့ကြရာမှာ အတော်မြင့်မားလာခဲ့ပါတယ်။ ဒါကြောင့် ပိုချက်တီနိုမန်ယူနည်းပြဖြစ်မယ် ဆိုတဲ့ အလေးဖွင့်မှုဟာ ၄: ၆ အထိရှိလာခဲ့ပြီး လက်ရှိနည်းပြ ဆိုးလ်ရှားဟာလည်း မန်နေဂျာကနေထုတ်ပယ်ခံရမယ့် နည်းပြစာရင်းမှာ ဒုတိယနေရာက ရေပန်းစားနေပါတယ်။ အသက် ၄၈ နှစ်အရွယ် ပိုက်ချက်တီနိုဟာ စပါးအသင်း ကနေ ထုတ်ပယ်ခံရတဲ့ အလုပ်လက်မဲ့နည်းပြတစ်ဦးဖြစ်နေပေမယ့် သူဟာ လက်ရှိနည်းပြလောကမှာ ထိပ်တန်း နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ ပိုချက်တီနိုဟာ နည်းပြဘဝမှာ ဆုဖလားအောင်မြင်မှုမရပေမယ့် သူကိုင်တွယ်ခဲ့တဲ့အသင်းတိုင်း ကိုယ်ပိုင်ကစားဟန်တစ်ခုခုကိုရရှိသွားလေ့ရှိပါတယ်။ လက်ရှိရာသီအစမှာပင် ပရီးမီးယားလိဂ်က မန်ယူအသင်းဟာ ရလဒ်ပိုင်းဆိုးရွားနေပြီး နောက်ဆုံးကစားတဲ့ပွဲမှာဆိုရင် စပါးအသင်းကို ၁-၆ ရလဒ်နဲ့ ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီရှုံးပွဲပြီးကတည်းက မန်ယူနည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်က လှုပ်လှုပ်ရွရွလေးဖြစ်လာပါတယ်။ အခုဆိုရင် မန်ယူအသင်းရဲ့ တာဝန်ရှိသူတချို့က ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်ဖို့ စတင်ဆွေးနွေးနေပြီဆိုတဲ့သတင်းတွေတောင် ထွက်ပေါ်လာနေပါတယ်။ အင်္ဂလန်ရဲ့ဘွတ်ကီဒိုင်တွေမှာတောင် လောင်းကြေးတွေဖွင့်လာခဲ့ပါတယ်။ ဘောလုံးအားကစားဟာ ကမ္ဘာတစ်လွှား ရေပန်းစားလာတာနဲ့အတူ လောင်းကစားဒိုင်တွေရဲ့ကဏ္ဍကလည်း ကြီးမားကျယ်ပြန့်လာပါတယ်။ ဘွတ်ကီဒိုင် တွေရဲ့ အလေးပေးမှုဟာ မှန်လေ့မှန်ထရှိတာကြောင့် ပိုချက်တီနိုများ မန်ယူရဲ့နည်းပြသစ်ဖြစ်လာမလားဆိုတာဆက်လက်နားစွင့်နေကြရမှာပါ။    (SO)






အခြားဆက်စပ်သတင်းများ